Saturday, November 20, 2010

အချောင်သမား အောင်နိုင်ဦး

နိုဝင်ဘာလ ၁၇ ရက် ၂၀၁၀ နေ့ ဘီဘီစီ ကထုတ်လွှင့်သွားသော သတင်းဖလှယ်အစီအစဉ်မှာ အောင်နိုင်ဦး ဆွေးနွေးတာကိုကြားရတဲ့အခါ ဆက်နားထောင်နိုင်စွမ်းမရှိတော့ဘဲ
နားခါးခြင်း ၊ ဒေါသဖြစ်ခြင်း ၊သီးခံနိုင်စွမ်းမရှိတော့ခြင်းကြောင့် ဒီစာကိုရေးလိုက်တာဖြစ်ပါတယ်။


BBC , VOA, DVB ,RFA  နှင့် မီဒီယာများခင်ဗျား

အောင်နိုင်ဦး လို ဘာအရည်အချင်းမှမရှိ ၊ အချောင်သမား ၊ ဘာကောင်မှမဟုတ်တဲ့ အခွင့်အရေးသမား တယောက်ကို နိုင်ငံရေးကျွမ်းကျင်ပညာရှင်ဟု ပြောလိုပြော ။ လူ ၅ ယောက် ဘဲရှိတဲ့ ဗဟု အဖွဲ့
ညွန်ကြားရေးမှူး ဟုရာထူးတွေတပ်ပြီး မီဒီယာများမှအကြိမ်ကြိမ် အင်တာဗျူး ပြီးတင်ပေးနေတာကိုတော့ ခင်ဗျားတို့မှာလုပ်ပိုင်ခွင့် ရှိတယ်ဆိုတာမှန်ပေမဲ့နားထောင်ရတဲ့ပရိသတ် မှာအလွန်စိတ်အနှောက်အယှက် ဖြစ်ရတဲ့အပြင်ပရိသတ်တွေကိုစော်ကားနေတယ်ဟုယူဆပါသောကြောင့် မလုပ်သင့်
မလုပ်ထိုက်သောအလုပ် ၊မဖြစ်သင့်မဖြစ်ထိုက်သော ကိစ္စ ကို ခင်ဗျားတို့အကြိမ်ကြိမ်လုပ်နေကြတယ်
လို့ ကျနော်ပွင့်ပွင့်လင်းလင်းဝေဖန်ထောက်ပြလိုက်ပါတယ်။ ကျနော်မီဒီယာများကိုမေးပါရစေ

(၁) အောင်နိုင်ဦးကိုအင်တာဗျူးလို့ တိုင်းပြည်အတွက်ဘာအကျိုး ရလဒ်ရလို့ အကြိမ်ကြိမ်လုပ်နေကြတာလဲ ?
(၂) အောင်နိုင်ဦ ဆွေးနွေမှုတွေဟာ တိုင်းပြည်အတွက်ရော ၊နားထောင်တဲ့ပရိသတ်အတွက်ပါ ဘာအကျိုးအမြတ် ၊ဘာဗဟုသုတ ရလို့ အကြိမ်ကြိမ်လုပ်နေကြတာလဲ ?
(၃)အောင်နိုင်ဦးဟာဒီမိုကရေစီတော်လှန်ရေးမှာ ဘယ်လောက်ရင်းနှီးဖြတ်သန်းခဲ့လို့ အရေးတကြီးပုဂ္ဂိုလ်တယောက်လိုသဘောထားပြီးတင်ပေးနေရတာလဲ ?
( ၄) အောင်နိုင်ဦးဟာ ဘယ်လောက်များအချိန်ယူပြီးလေ့လာခဲ့ လို့ မြန်မာ့အရေး ကျွမ်းကျင်ပညာရှင် ဟုအသိအမှတ်ပြု နေကြတာလဲ ၊ ခင်ဗျားတို့ သူ့အကြောင်းကို ဘယ်လောက်သိကြလို့ လဲ ?

             အခုလဲကြည့်ပါ ဒေါ်စုလွတ်မြောက်လာလို့ပြည်တွင်း/ ပြည်ပ မကျန် တိုင်းပြည်မှာ အပြောင်းအလဲ
တခုကို ဖန်တီးနိုင်တဲ့ တဦးတည်းသော အမျိုးသား ခေါင်းဆောင်တယောက်ပေါ်ထွန်းလာတာကိုဝမ်းသာ
ဂုဏ်ပြုကြ ၊ ကြိုဆိုထောက်ခံကြ နဲ့ ပွက်ပွက်ညံနေတဲ့ အချိန်မှာ စစ်အာဏာရှင်ကို ဘယ်တော့မှဝေဖန်
ထောက်ပြမှုမရှိဘဲ ဘာအမှားမှမရှိတဲ့ ခေါင်းဆောင်ဒေါ်စု ကိုပြင်းပြင်းထန်ထန်ဝေဖန် အပြစ်ပုံချ၊ ဆရာလုပ်နေတာတွေကို ဘီဘီစီ က အချိန်ကုန်ခံပြီး ထုတ်လွှင့်နေတာကို ဘာအကြောင်းကြောင့် ဒီလိုလုပ်နေကြသလဲ ဆိုတာ ကျနော်လုံးဝနားမလည်နိုင်ပါ ၊ ဘီဘီစီဂုဏ်သိက္ခာလဲ ကျဆင်းတယ်လို့ ကျနော်ထင်ပါတယ် ။ကျနော်တောင်သူပြောနေတာတွေကိုနားထောင်နိုင်စွမ်းမရှိတော့လို့ ပိတ်လိုက်ရတဲ့
အဆင့်ရောက်သွားပါတယ် ကျနော့်လိုပရိသတ် ဘယ်လောက်ရှိမယ်ဆိုတာ ကို ဘီဘီစီခန့်မှန်းစေချင်ပါတယ် ။ ဘီဘီစီအတွက်ဘာအကျိုးမှမရှိတဲ့အပြင် အများကြီးနစ်နာစေပါတယ် ။
ဒီလိုဆိုယင် ခင်ဗျားတို့မီဒီယာကို အောင်နိုင်ဦးဆိုသူဟာ ဘယ်လိုအကောင်လဲ ၊ ဘာလုပ်ခဲ့သလဲ ၊ ဘာလုပ်နေသလဲ ဆိုတာကို သိအောင် တချို့ ကိုထုတ်ပြလိုက်ပါတယ်။

ဘာကောင်လဲ။

အောင်နိုင်ဦးဆိုတာ အချောင်သမား ၊ အခွင့်ရေးသမား ၊ စိတ်ဓါတ် အလွန်ညံ့ဖျင်းပြီး အောက်တန်းကျသော၊ လက်တွေ့မကျသော အာချောင်နေသူတယောက်သာဖြစ်တယ်။တိုင်းပြည်အတွက်ဘယ်တုန်းကမှ
 အရင်းအနှီးပြုခဲ့သူမဟုတ်ပါ ။ အချောင်နေ ၊အချောင်စား ၊ တိုင်းပြည်နိုင်ငံရေးကို ဘမ်းပြပြီး လုပ်စားနေသူ
တယာက်သာဖြစ်ပါတယ်။

ဘာလုပ်ခဲ့သလဲ

အောင်နိုင်ဦးဟာ ၈၈ အရးတော်ပုံမှာ ဘာလှုပ်ရှားမှုမှပါခဲ့သူမဟုတ်ပါ ။ နယ်စပ် ABSDF မှာ ကျနော် ဗဟိုအတွင်းရေးမှူးဖြစ်တဲ့အချိန်မှာ သူဟာ သစ်ဘောဘိုးစခန်းအတွင်းရေးမှူးပါ ။ဘာမှထိထိရောက်ရောက်
လုပ်ခဲ့တာမရှိတဲ့အပြင်AB ဗဟိုကို ကန့်လန့်တိုက်ပြီး တောက်လျှောက် ဆန့်ကျင်ခဲ့သူပါ ။ လက်နက်ကိုင်
တော်လှန်ရေးထဲမှာ ရှိနေခဲ့ပေမဲ့ တော်လှန်ရေးအတွက်ဘာမှမလုပ်ခဲ့ဘဲ အမြဲတမ်းအချောင်နေ
အချောင်စားဖြင့်သာနေခဲ့သူပါ ။ သူဟာ အေဘီကနေထွက်ပြီး ထိုင်းနိုင်ငံထဲမှာတိုင်းပြည်ကိုပြပြီး အချောင်လုပ်စားနေတဲ့အချိန်မှာအေဘီရဲ့အဖွဲ့ဝင်ဖြစ်ခဲ့သော်လဲ လက်နက်ကိုင်တော်လှန်ရေးကို
သူမယုံကြည်ကြောင်း ၊ အေဘီအဖွဲ့က လူသတ်နေပါတယ် ဆိုပြီးထုတ်ပြန်ကြေငြာပြီး မိမိအကျိုး
အတွက်မိခင် အဖွဲ့အစည်းအေဘီကို အသုံးချ၍ ဂုဏ်သိက္ခာညှိုးနွမ်းအောင်လုပ်ဆောင်ခဲ့သူဖြစ်တယ် ။
ဘာရပ်တည်ချက်မှခိုင်ခိုင်မာမာမရှိဘဲ  မိမိအကျိုးအတွက်အဆင်ပြေရာကိုသာ ဦးစားပေးလုပ်ဆောင်နေသူ
သာဖြစ်တယ်။

ယခုဘာလုပ်နေသလဲ

အောင်နိုင်ဦးဟာ ဇော်ဦး ဦးဆောင်တဲ့ ဗဟု အဖွဲ့မှာပါဝင်နေတဲ့သူဖြစ်တယ် ။
ဗဟုအဖွဲ့ဆိုတာ ပြည်တွင်းကိုဝင်ပြီး NGO ဖွဲ့၍ လုပ်စားဖို့    ကျိုးစားနေတဲ့အဖွဲ့ဖြစ်တယ် ။
ဇော်ဦးကိုယ်တိုင်ပြည်တွင်းကိုအကြိမ်ပေါင်းများစွာဝင်ရောက်နေသူဖြစ်တယ်။
ဗဟုအဖွဲ့ကို ဒီမိုကရေစီအင်အားစုများက ဟိုဖက်သာယင်ဟိုဖက်လိုက် ဒီဖက်သာယင်ဒီဖက်လိုက် ဟိုပေါင်ရိုက် ဒီပေါင်ရိုက်လုပ်နေကြလို့ဗဟု အဖွဲ့ကို လအု အဖွဲ့ ဟုပြောင်းလဲခေါ်နေကြတာကို
ကောကြားမိကြရဲ့လား ။အောင်နိုင်ဦး မိန်းမ ရှိုနာဟာ NGO တခုရဲ့ ဒါရိုက်တာဖြစ်ပြီးပြည်တွင်းကို
အကြိမ်ပေါင်းများစွာဝင်ထွက်နေသူဖြစ်တယ် စစ်အစိုးရနဲ့ပေါင်းပြီးစီပွားလုပ်နေသူဖြစ်တယ်။
အောင်နိုင်ဦးဟာ ပဲခူး ဘက်က သက္ကလ နယ်သားဖြစ်တယ် သူတို့မိသားစု ဟာ ၈၈ မတိုင်ခင်ကဆင်းရဲ
နွမ်းပါးခဲ့သူတွေဖြစ်တယ် ယခုအချိန်သူမိသားစုဟာ ရန်ကုန် ပဲခူး ကားလမ်းပေါ်မှာ သိန်းထောင်ချီတန်တဲ့ အိမ်ခြံနဲ့နေနေကြပြီ ဖြစ်တယ်။ ယခု သက္ကလ နယ်တခုလုံးက ပြောနေကြတာက တိုင်းပြည် ပြောင်းလား
မပြောင်းလားတော့ မသိဘူး အောင်နိုင်ဦးတို့မိသားစုကတော့ ဘ၀ပြောင်းသွားကြပြီဟု ပြောနေကြ
ကြောင်းကိုသူအကြောင်းကို တိတိကျကျသိတဲ့ သူနှင့်တနယ်တည်းသားတယောက်ကကျနော်ကိုပြော၍ သိခဲ့ရပါတယ် ။ဒါကြောင့်အောင်နိုင်ဦးဟာ သူကိုယ်ကျိုးအတွက် စီးပွားရေးပိတ်ဆို့မှုကို ကန့်ကွက်နေတာ ဖြစ်တယ် ။ စစ်အစိုးရဖက်ကရပ်ပြီး ဒီမိုကရေစီအင်အားစုများနှင့် အမျိုးသားခေါင်းဆောင် ဒေါ်စုကို တိုက်ခိုက်နေတာဖြစ်တယ် ။

မြန်မာ့အရေး ကျွမ်းကျင်ပညာရှင်ဟု အောင်နိုင်ဦးကိုပြောဆိုနေကြသော မီဒီယာများခင်ဗျား

မြန်မာ့အရေးကျွမ်းကျင်ပညာရှင် ဆိုတဲ့ တာဝန် ဟာ လေးလေးနက်နက်စဉ်းစားကြည့်ယင် အင်မတန်ကြီးကျယ်မြင့်မြတ်တဲ့ သုတေသီကိုမှပေးတဲ့အမည်နာမ ဖြစ်ပါတယ် ၊ ဥပမာ သမိုင်းပညာရှင်
ဒေါက်တာသန်းထွန်းလို ပုဂ္ဂိုလ်မျိုကိုဆိုလိုခြင်းပါ ။အောင်နိုင်ဦးလိုအကောင်ကို ဒီတာဝန်ကိုအသိအမှတ်ပြု ခေါ်နေကြတဲ့ မီဒီယာများကို ကျနော်တခုလောက်ထောက်ပြချင်ပါတယ်။ ခင်ဗျားတို့ခေါ်နေတဲ့ မြန်မာ့အရေးကျွမ်းကျင်ပညာရှင်ဆိုတဲ့ အောင်နိုင်ဦးကိုတချက်လောက်မေးကြည့်ပေးပါ
ကျွမ်းကျင်ပညာရှင်ဟုဆိုရလောက်အောင် ဘယ်တုန်းက ဘယ်လောက်ကြာကြာတပြည်လုံးအရေးကို
လေ့လာထားသလဲ ဖြေပေးပါ ။ ဘယ်လိုကြီးကျယ်မြင့်မြတ်တန်ဘိုးရှိသော စာအုပ်မျိုးကိုဖတ်ထားဖူးသလဲ ။ ဖြေပါ ။ ဥပမာ  = ခေတ်ဟောင်းရာဇ၀င်ထဲက
          (၁) ဦးကုလားရာဇ၀င်ကြီး  (၂ ) ရာဇဓမ္မ သင်္ဂံဟကျမ်း (၃) ရာဇဓိရာဇ်အရေးတော်ပုံကျမ်း
(၄)သတင်းစာဆရာကြီးဦးသိမ်းမောင်ရေးတဲ့မြန်မာ့သူရဲကောင်းများစာအုပ် တွေကို ဖတ်ဘူးသလားလို့တော့မမေးတော့ဘူး။ကြားဘူးသလားလို့ သူကိုမေးကြည့်လိုက်ပါ ။
ခေတ်သစ်ရာဇ၀င်ထဲက ကျမ်းစာအုပ်ကြီးတွေကိုဖတ်ဘို့ကိုမပြောနဲ့ ကိုင်ကြည့်ဖူးသလားလို့
မေးကြည့်လိုက်ပါ။ မတန်မရာ အနူလက်နဲ့ရွှေခွက်ကိုင်သလိုဖြစ်နေပြီ မီဒီယာများတန်ဖိုးရှိတဲ့
အမည်နာမကို တန်ဖိုးမဲ့အောင် လက်လွတ်စလွယ်မလုပ်ကြပါနဲ့ အရုပ်ဆိုးလွန်းပါတယ် ။
တချို့ကလဲ အောင်နိုင်ဦးကို ဟားဗတ် တက္ကသိုလ်ဆင်း ပညာရှင်ကြီး ဟု သမုတ်နေကြပြန်တယ် ၊
ဒီမယ် ကျနော်ရှင်းပြမယ် ဟားဗတ်တက္ကသိုလ်က မြန်မာပြည်ဒီမိုကရေစီတော်လှန်သူများကို
လေးစားသောအားဖြင့်ဒီမိုကရေစီဘက်တော်သားများကိုအထူးအစီစဉ်တရပ်အနေဖြင့်ခေါ်ယူပြီး ပညာကို
၈ လသင်ယူစေပြီး မဟာဝိဇ္ဇာဘွဲ့ကို သမရိုးကျမဟုတ်ဘဲ ဒီမိုကရေစီကိုဂုဏ်ပြုပေးခဲ့တာဖြစ်တယ်။
 မဟာဝိဇ္ဇာဘွဲ့အစစ်မဟုတ်ပါ။ တကယ်အစစ်မဟာဝိဇ္ဇာဘွဲ့ဆိုရင် အနည်းဆုံး ၂ နှစ်မှ ၃နှစ်အထိသင်ရပြီး စာတမ်းပြုစုတင် ပြီးအောင်မှသာ ဘွဲ့အစစ်ကိုရတာပါ သူတို့တွေဒါမျိုးတခုမှမလုပ်ခဲ့ရပါ ဒီမိုကရေစီတော်လှန်ရေးရဲ့အကျိုးကျေးဇူးကြောင့်အလွယ်တကူသာသာလေးရသွားကြတာသာဖြစ်တယ် ၊
ဇော်ဦး ၊ အောင်သူငြိမ်း ၊၀င်းမင်း တို့လည်းဒီအတိုင်းဘဲရသွားကြတာပါ ။ သူတို့တွေဟာဘာပညာရှင်မှ
မဟုတ်ပါ ။.ယခုသူတို့တွေဟာ ဒီမိုကရေစီကျေးဇူးကြောင့်ကောင်းစားခဲ့ကြတာကိုမေ့နေကြပြီး
မိမိကိုယ်ကျိုးအတွက်ဒီမိုကရေစီအင်အားစုများကိုကျေဇူးကန်းနေကြပြီဖြစ်တယ်
ဟားဗတ်ပညာရှင်ကြီးဟုဆိုသောပုဂ္ဂိုလ်များခင်ဗျား
၁၉၆၃ ခုနှစ် Harvard university press ကထုတ်ဝေတဲ့ Willian C . Johnstone ရေးတဲ့ Burma's Foreign Policy  ဆိုတဲ့စာအုပ်ကိုဖတ်ဘူးကြပါသလား လို့သာမေးလိုက်ပါရစေ ။ အရှက်တရားနဲနဲထားကြပါလို့ပြောလိုက်ပါရစေ ။


နိဂုံး  

အောင်နိုင်ဦးဆိုသောပုဂ္ဂိုလ်ကို ကျနော်အနေဖြင့် ပုဂ္ဂိုလ်ရေးအရလဲလက်မခံပါ ၊ ရပ်တည်ချက်အရလဲလက်မခံပါ ၊ အကျင့်စာရိတ္တအရလဲလက်မခံပါ ။ယခုလုပ်ရပ်တွေကိုလဲလက်မခံပါ ။
နောက်နောင်ကို ပြည်တွင်းပြည်ပ တကမ္ဘာလုံးလေးစားကြသော ကျုပ်တို့ရဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တခြားခေါင်းဆောင်များကို ဆရာလုပ်ခြင်း ၊ကျိုးကြောင်းခိုင်လု့မှုမရှိဘဲနဲ့ပြစ်
တင်ဝေဖန်မှုများပြုလုပ်လာခဲ့လျှင်ကျုပ်အပါအ၀င်ဒီမိုကရေစီအင်အားစုများမှပြင်းပြင်းထန်ထန်
တုန့်ပြန်သွားမည်ဖြစ်ကြောင်းအသိပေးလိုက်တယ် ။

အောင်နိုင်ဦး

မင်းလိုဘာအဖြစ်မှမရှိတဲ့အကောင်က မတန်မရာလူထုခေါင်းဆောင်ကိုဝေဖန်နိုင်ဖို့ဆိုတာအဝေးကြီးဘဲ မင်းလိုအကောင်လောက်က ငါတယောက်ထဲကို ဘဲ နိုင်အောင်ဖြတ်ကြည့်လိုက်ပါအုံး ။ မယုံဘူလို့ထင်ရင်စမ်းကြည့်လိုက်လေ ။
                                     အမျိုးသားခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်  နှင့်
                              ခေါင်းဆောင်ကြီးများကိုအစဉ်ရိုသေလေးစားလျှက်                                                                                                                                                                                         သန်းဝင်း
                                                                                                                                                                                ( ၈၈ မျိုးဆက်ကျောင်းသား )
                                                                                                                                                                                    11 /18 / 2010

၈၈၈၈ ရဟူးဂရု၏ မရိုးသားမှုကို ဖွင့်ထုတ်စိန်ခေါ်ခြင်း

ကျော်မြတ်ထူး
မင်းက ငါကိုရင့်သီးစွာနဲ့ စိန်ခေါ်လိုက်ပြီ ဟုတ်လား ။
မင်းရဲ့ စိန်ခေါ်မှုကို ငါကြိုဆိုလိုက်ပါတယ်။ခိုင်မြင့်မြတ် ၊ ရန်ရှင်း ၊ မိုးကဲ  ဆိုတာတွေဟာ
မင်းတယောက်တည်း ဘဲရေးတယ်ဆိုတာငါသိတယ် ။ ဘာလဲမင်းကငြင်းအုန်းမလို့လား ။
မင်းငြင်းပိုင်ခွင့်ရှိပါတယ် ။Lwan Sway ဆိုတာက ဘိုဘိုကျော်ငြိမ်း ဆိုတာငါသိတယ် ။ ဘိုဘိုကျော်ငြိမ်းနှင့် မင်းတပေါင်းတည်းဖြစ်သွားပြီဆိုတာကိုလဲ ငါသိတယ် ။ ဘိုဘိုကျော်ငြိမ်း ထမင်းစားဖိတ်လို့မင်းသွားစားပြီး
ထမင်းဝိုင်းမှာ ဘိုဘိုကျော်ငြိမ်းကမင်းကို ငါ့ကိုတိုက်ဖို့တွန်းအားပေးတာကို မင်းလက်ခံခဲ့တယ်မဟုတ်လား ဘာကြောင့်လဲဆိုယင် ငါကမင်းတို့ရဲ့၈၈၈၈ ပြည်သူ့နေ့စဉ်သတင်းစာ နှင့်လေထန်ကုန်းကိုဝေဖန်
ထောက်ပြတာကို မင်းမကျေနပ်လို့ ဘိုဘိုကျော်ငြိမ်းရဲ့အသုံးချခံ လိုက်တာမဟုတ်လား ။
ဒါကြောင့် ငါ့အကောင့်ကို ပိတ် ငါကိုအခုလိုတိုက်ခိုက်တာမဟုတ်လား
ငါအားလုံးကို သိပါတယ်ကွာ ။ ငါ့ကိုမင်းဘယ်တော့မှလိမ်ဖို့ မကြိုးစားပါနဲ့ကွာ ၊မင်းငယ်ပါသေးတယ် ။
မင်းတိုက်လာတဲ့ လေးဘက်ထောက် အကွက်လောက်ကို ပျင်းတောင်ပျင်းသေးတယ် ။
ဟိုတုန်းကတော့ မင်းလိုမလောက်လေးမလောက်စားလောက်ကို အခုလို အချိန်ကုန်ခံပြီးတုန့်ပြန်ဘို့ ငါဘယ်တော့မှမစဉ်းစားခဲ့ဘူး ။အခုတော့ မင်းကဘိုဘိုကျော်ငြိမ်းရဲ့ အသုံးချခံဖြစ်နေတာကတကြောင်း။
မင်းရဲ့ အကျင့်စရိုက် အောက်တန်းကျတာရယ် မင်းလုပ်ရပ်က ငါတို့တိုက်နေတဲ့ ရန်သူစစ်အာဏာရှင်လုပ်ရပ်နဲ့တထပ်တည်းတူနေတဲ့အတွက် မင်းကိုငါဘယ်တော့မှ
 ညှာတော့မှာမဟုတ်ဘူး ဆိုမင်းသိပါ ။ဒီနေ့ ဒီရက်ကစပြီး မင်းစွမ်းသလောက် ငါကိုတိုက်ပါ ။
မင်းဘယ်လောက်စွမ်းသလဲဆိုတာငါတချက်ကြည့်မယ် ။
မင်းရေးထားတဲ့အကြောင်းအရာတချို့ ကိုငါတုန့်ပြန်လိုက်မယ် ။

( ၁ ) မင်းက ငါကို 8888 power ကထုတ်လိုက်တာကို ဘာကြောင့်မရှက်မကြောက် ပြန်တိုက်ခိုက်နေရ
သလဲလို့မေးတယ်ဟုတ်လား။ ဒီမယ်နားထောင်  မင်းကမတရားသဖြင့် မင်းမကြိုက်တဲ့သူတွေဆိုယင် တိုင်းပြည်အတွက်ဘယ်လောက်ဘဲအကျိုးရှိရှိ ဂရုမစိုက်ဘဲပိတ်လိုက်တယ် ။
မင်းကြိုက်ပြီဆိုယင် ဘယ်လောက်ဘဲရိုင်းစိုင်းတဲ့စကားတွေပါပါ ဖွင့်ပေးလိုက်တယ် ။
မင်းဒီလိုလုပ်နေတာတွေဟာ အခုမှမဟုတ်ဘူး ကြာခဲ့ပြီ နောက်ပြီးငါ့တယောက်တည်းကိုဘဲ လုပ်ခဲ့တာမဟုတ်ဘူးမင်းလုပ်ခဲ့တဲ့သူတွေများခဲ့ပြီ ။အဲ မင်းရဲ့မတရားလုပ်ရပ်ကို တချို့ သူတွေက
ငြိမ်ခံနေကြပေမဲ့ အဲဒီသူတွေထဲမှာငါမပါဘူးကွ ။မင်းရဲ့ အောက်တန်းကျကျမတရားမှုတွေကို ငါငြိမ်ခံမျာမဟုတ်သလို ဘယ်မတရားမှုကိုမှငြိမ်ခံမှာမဟုတ်ဘူး ဆိုတာ မင်းမြဲမြဲမှတ်ထားပါ ။
ဒါကြောင့် 8888power မှာမင်းတဖက်သတ် ပိတ်ထားတာကို ငါမရရအောင် တက်ခဲ့တာဘဲ။
 မင်း ငါ့အကောင့်  ကိုပိတ်ထားတာကြာပြီမဟုတ်လား ဒါပေမဲ့ ငါတင်ချင်တဲ့ အချိန်မှာ ငါ့နာမည်နဲ့ တက်လာတာဘဲမဟုတ်လား အဲဒါမင်းကိုပညာပေးချင်လို့ဘဲ ။ ငါ့အကောင့်မရှိယင် နားအေးတယ်

ဆိုရအောင် ငါရေးခဲ့တဲ့ဆောင်းပါး ၊ ငါဝေဖန်ထောက်ပြခဲ့တာတွေဟာ အကျိုးအကြောင်းခိုင်လုံစွာနဲ့ ရေးခဲ့တာတွေပါ ။ မင်းတို့လိုသရဲဘောကြောင်စွာ နာမည်အတုတွေနဲ့ ရေးချင်သလိုရေး၊ ဆဲချင်သလိုဆဲ အလုပ်တွေကို ငါဘယ်တော့မှမလုပ်ခဲ့ဘူးကွ ။ အရာရာအားလုံးကို ငါ့နာမည် အရင်းနဲ့ ဘဲ ရေးခဲ့တယ်
မင်းတို့လိုသရဲဘောမကြောင်ဘူးကွ ။ ခံစရာရှိတာခံသွားမယ် စံစရာရှိတာစံသွားမယ်အဲဒါငါ့ရဲ့မူဘဲကွ ။
( ၂ )  မင်းက ဘာမှမဆိုင်တဲ့ငါ့အကို ကိုကြည်ဝင်းကို ဘာကြောင့်တိုက်ရတာလဲကွ  ။
        ငါအကိုဟာ သူတတ်တဲံ့ ပညာနဲ့ ရိုးရိုးသားသားလုပ်စားနေပြီး ရတဲ့ငွေတွေကို သူ့မွေးရပ်မြေ ရခိုင်ပြည်သူတွေအကျိုးအတွက် သူတတ်နိုင်သလောက် လုပ်နေတာကို မင်းက သူ့ကိုလုပ်စားလို့
ဘာကြောင့် ပြောရတာလဲ ၊ ဘာအထောက်အထားနဲ့ပြောတာလဲ မင်းရှင်းပါ ၊ မင်းကော လူဘယ်နှစ်ယောက်ကို ကူညီခဲ့ဖူးသလဲ မင်းဖြေပါ ။
( ၃ ) မင်းက ငါ့ကို သတ္တရှိယင် နယ်စပ်ကိုဆင်းလာကြည့်ပါလား ဆိုပြီး စိန်ခေါ်တယ် ဟုတ်လား။
      နေပါအုံးကွ မင်းက ဘယ်လိုသတ္တိမျိုးရှိနေလို့ ငါ့ကိုစိန်ခေါ်တာလဲကွ ၊ နယ်စပ်ကို

မင်းပြောယင်ပြီးတယ်လို့ ဆိုလိုချင်တာလား။      မင်းကတော်တော်ဟာသမြောက်တဲ့အကောင်ဘဲ ။
မင်းကိုငါတွေ့ချင်ယင် rockville က ယဉ်အေးအိမ်မှာကြိုက်တဲ့အချိန်မှာတွေ့လို့ရတယ်ဆိုတာ ဘဲ ၊
      လွယ်လွယ်လေးပါ ။ မင်းဘဲသတ္တိရှိအောင်သာမွေးထားပါကွာ ။ ငါ့အတွက်မပူပါနဲ့ ။ မင်း နှင့် ဘိုဘိုကျော်ငြိမ်းကို ကြောက်စိတ်ကလေးများတစက်ကလေး ၀င်လာမယ်ဆိုယင်  ငါသမိုင်းစဉ်တလျှောက်

စစ်အာဏာရှင်ကိုတော်လှန်တိုက်ပွဲဝင်ခဲ့တဲ့ ငါ့သမိုင်းကို မြေ မြှုပ်ပစ်လိုက်မယ် ။မင်းမြဲမြဲ မှတ်ထားပါ ။
             

                                                                                                                                        သန်းဝင်း
                                                                                                                                      11 / 12 /2010

Wednesday, September 22, 2010

ညီညွတ်ရေးနှင့်ရပ်တည်ချက်

                        စစ်အာဏာရှင်ဆန့်ကျင်သူများလုပ်ဆောင်ရမည့်
                                   ညီညွတ်ရေးနှင့်ရပ်တည်ချက်
                         
                                                                                          
ညီညွတ်ရေး​- ဆိုတဲ့စကားဟာသမိုင်းစဉ်အဆက်ဆက်နိုင်ငံရေး။ လူမှုရေး။ ဘာသာရေး နယ်ပယ်တွေမှာ
တွင်တွင်ကြီးသုံးစွဲခဲ့ကြပ်တယ်။အထူးသဖြင့်နိုင်ငံရေးမှာအသုံးအများဆုံးပါ။ညီညွတ်ရေး သည်
အင်အား။ညီညွတ်မှုနှင့်အောင်ပွဲယူကြစို့ ။ စသည်ဖြင့် ဗမာပြည်သမိုင်းအဆက်ဆက်
နိုင်ငံရေးခေါင်းဆောင်များ။ အဆင့်ဆင့်တာဝန်ရှိသူများ ဟာဒီစကားလုံးကိုသုံးပြီးသူတို့လိုချင်တဲ့စုစည်းမှု
တခုကိုတည်ဆောက်ဖို့အမြဲကြိုးစားခဲ့ကြပါတယ်။ သို့သော်လည်းနိုင်ငံရေးခေါင်းဆောင်များဟာ လောဘ၊မောဟ၊ဒေါသ၊မကင်းတဲ့လူသားများဖြစ်တဲ့အတွက် မိမိအတွေးအခေါ်၊အယူအဆကိုရှေ့တန်းတင်ပြီး
သူတို့ရည်ရွယ်ရာကိုရအောင် အားလုံးစုစည်းမှုကိုမကြိုးစားဘဲ သူ့အုပ်စု ၊ကိုယ့်အုပ်စုဖွဲ့ကြပြီးအုပ်စု ၊ဂိုဏ်းဂဏထူထောင်၍အုပ်စုတစုနှင့်တစု သတ်ကြ၊ဖြတ်ကြ ၊အနိုင်ကျင့်ကြ၊ကောက်ကျစ်ယုတ်မာကြ နဲ့
လိုချင်တဲ့ပန်းတိုင်ကိုမရောက်ဘဲအကွဲကွဲအပြဲပြဲတွေနဲ့ဝမ်းနည်းစရာ၊ကြေကွဲစရာတွေနှင့်ပြည့်နှက်နေခဲ့တာ
ဗမာပြည်နိုင်ငံရေးတလျှောက်ကိုလေ့လာကြည့်ယင်တွေ့ကြပါလိမ့်မယ်။ ဗမာပြည်သမိုင်းမှာ ပဒေသရာဇ်ခေတ် ၊နယ်ချဲ့တော်လှန်ရေး ၊ဖက်ဆစ်တော်လှန်ရေး။ပြည်တော်သာ ၊စစ်အာဏာရှင်
ဆန့်ကျင်ရေး၊ယခုဒီမိုကရေစီရေးထိ ညီညွတ်ရေးကိုတည်ဆောက်နိုင်ပြိးပန်းတိုင်ကိုညီညာစွာ
ချီတက်၍အောင်ပန်းကိုဆွတ်ခူးနိုင်ခဲ့တယ်ဆိုတဲ့သမိုင်းအဖြစ်အပျက်ကျွန်တော်လေ့လာသလောက်တခါမှ
မရှိခဲ့ဖူးပါ ။ညီညွတ်မှအင်အားဖြစ်မယ်၊ အင်အားရှိမှအောင်ပွဲရမယ် ဆိုတာဘယ်သူမှမငြင်းနိုင်တဲ့
အမှန်တရားပါ။ ဒီလိုဆိုယင်ညီညွတ်ရေးကိုဘယ်လိုတည်ဆောက်ကြမလဲဆိုတာကျွန်တော်တွေးပါတယ်

ကျွန်တော်တွေးတာကဒီလိုပါ ။နိုင်ငံတိုင်းမှာတော်လှန်ရေးတခုကိုလုပ်ကြမယ်ဆိုရင်
အားလုံးညိညွတ်ဖို့အတွက်ယုံကြည်ချက်၊ ခံယူချက်၊အတွေးအခေါ်၊အယူအဆတူညီဖို့လိုပါတယ်။
ဒီအပေါ်မှာအားလုံးလက်ခံတဲ့ အလံ ၊လူပုဂ္ဂိုလ်ဆိုတဲ့မဏ္ဍိုင်လိုပါတယ်၊
ဒီမဏ္ဍိုင်မှာယုံကြည်ချက်၊ခံယူချက်၊ပန်းတိုင်ကိုအောင်မြင်အောင်အကောင်အထည်ဖေါ်ဖို့အတွက်
လူပုဂ္ဂိုလ်ဆိုတဲ့ခေါင်းဆောင်ရွေးချယ်မှုဟာသိပ်အရေးကြီးပါတယ်။ ဒီခေါင်းဆောင်ဟာလူထုအားလုံး
လက်မခံသည့်တိုင်အများစုလက်ခံတဲ့သူဖြစ်ရပါမယ်၊ယုံကြည်ချက်၊ခံယူချက်၊ခိုင်မြဲသူ၊အများကိုဦးဆောင်နိုင်သော
အရည်အချင်းရှိသူဖြစ်ရပါမယ်။ ဒီလိုဆိုယင်ညိညွတ်စွာတိုက်ပွဲဝင်ပြီးအောင်မြင်ခဲ့တဲ့ ANC ဆိုတဲ့
တောင်အာဖရိကနိုင်ငံကအမျိုးသားကွန်ဂရက် ကိုပြန်ကြည့်ရအောင် တောင်အာဖရိကနိုင်ငံတော်လှန်ရေးဟာ
အုပ်ချုပ်သူလူဖြူ နှင့်အုပ်ချုပ်ခံလူမဲ တို့ ရဲ့တိုက်ပွဲပါ။ သူတို့ဟာ ကာလာ အစုချင်းညီညွတ်မှု
အင်အားရှိထားကြပြီးဖြစ်တယ်။ အုပ်ချုပ်ခံလူမဲများကိုဦးဆောင်သူကနယ်လ်ဆင်မန်ဒဲလားပါ၊
သူရဲ့ဦးဆောင်မှုနောက်မှာလူမဲထုတရပ်လုံးလိုက်ခဲ့ကြပါတယ်၊ သူထောင်ကျနေပေမဲ့လူထုတရပ်လုံးကို
ထောင်ထဲကဦးဆောင်နိုင်ခဲ့တယ်၊လူထုကလည်းသူပြောသမျှကိုလိုက်လုပ်ကြပါတယ်။
ဒါကြောင့်သူတို့လိုချင်တဲ့ပန်းတိုင်ကိုရရှိအောင်မြင်သွားကြပါတယ်။ ကျွန်တော်ပြောတဲ့မဏ္ဍိုင်အရေးကြီးတယ်ဆိုတာဒါကိုပြောတာပါ၊ဒီတော့ကျွန်တော်တို့တိုင်းပြည်ကိုပြန်ကြည့်ရအောင်ဗမာပြည်ဟာတောင်အာဖရိကနဲ့အခြေအနေကွာခြားပါတယ်။
ဗမာပြည်မှာဘာသာတူလူမျိုးတူအများစု နှင့်ဘာသာတူလူမျိုးစုနွယ်များ၊ဘာသာမတူလူမျိုးစုနွယ်များနှင့်
စုပေါင်းနေထိုင်ကြတဲ့နိုင်ငံဖြစ်ပါတယ်။အခြေခံမတူသော်ငြားကျွန်တော်တို့မှာပြည်သူအားလုံးတူညီတဲ့ မူ ရှိပါတယ်အဲဒါကတော့စစ်အာဏာရှင်ကျဆုံးရေးနှင့်ဒီမိုကရေစီနိုင်ငံထူထောင်ရေးဘဲဖြစ်ပါတယ်။

ဒီမူကိုအောင်မြင်အောင်အကောင်အထည်ဖေါ်ဖို့အတွက်လူထုအများစုလက်ခံတဲ့လူပုဂ္ဂိုလ်ခေါင်းဆောင်ရှိဘို့လိုပါတယ်။
အဲဒါမဏ္ဍိုင်ပါ၊ တိုင်းပြည်မှာဒီမဏ္ဍိုင်နှင့်ကိုက်ညီတာကျွန်တော်အမြင်အရ ဒေါ်အောင်ဆန်းစုကြည်ကလွဲလို့
ဘယ်သူမှမဖြစ်နိုင်ပါ။ဒေါ်စုဟာလူထုအများစုထောက်ခံမှုရထားခြင်း။နိုင်ငံတကာထောက်ခံမှုကိုအများစုရထားခြင်း။
လူထုကိုဦးဆောင်နိုင်တဲ့အရည်အချင်းလဲပြည့်စုံသူဖြစ်ပါတယ်။ဒေါ်စုဟာစကတည်းကနေယခုအချိန်ထိစစ်အာဏာရှင်ကိုလက်မလျှော့စတမ်းတိုက်ပွဲဝင်နေတုန်းဘဲဆိုတာအားလုံးအသိပါ။တောင်အာဖရိကမှာနယ်လ်ဆနင်မန်ဒဲလားကိုဝိုင်းရံကြသလို
ကျွန်တော်တို့လဲဒေါ်စုကိုအားလုံးက၀ိုင်းရံကြမယ်ဆိုရင်အားလုံးလိုချင်တဲ့ညီညွတ်ရေးကိုပြောနေစရာမလိုဘဲ
အလိုလိုရရှိသွားမှာဖြစ်ပါတယ်၊ဆိုလိုတာကပြည်တွင်းကလဲဒီအသံ၊ နယ်စပ်ကလည်းဒီအသံ။ နိုင်ငံတကာ
ကလည်းဒီအသံ၊ဒီလောက်အင်အားကြီးတဲ့ညီညွတ်မှုဆိုတာဘယ်မှာရှိနိုင်တော့မှာလဲ၊ဒီညီညွတ်မှုအင်အားကြီးနဲ့စစ်အာဏာရှင်ကိုတွန်းလှန်လိုက်ကြမယ်ဆိုရင်ကျွန်တော်တို့လိုချင်တဲ့ဒီမိုကရေစီပန်းတိုင်ကိုအမြန်ဆုံးရရှိမှာမလွဲပါ။
အခုတလောတိုင်းပြည်အရေးကြီးတဲ့အချိန်မှာဒေါ်စုနှင့်NLD ခေါင်းဆောင်များကိုဝေဖန်သံ၊ မယုံကြည်တဲ့အသံ၊ဆန့်ကျင်တိုက်ခိုက်တဲ့အသံ၊တွေဟာပလူပျံအောင်ကြားနေရပါတယ်၊လုံးဝမဖြစ်သင့်ပါ။ ဒီလိုလုပ်ခြင်းဟာညီညွတ်မှုအင်အားပြိုကွဲသွားသလိုကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်နဲ့လဲအလှမ်းဝေးသွားစေ
ပါတယ်၊တိုင်းပြည်အတွက်အများကြီးနစ်နာပါတယ်၊မလုပ်သင့်ပါ။လူတိုင်းမျာအားနည်းချက် အားသာချက်ရှိစမြဲပါ၊

ဒေါ်စုမှာလဲအားနည်းချက်ရှိနိုင်ပါတယ်၊ဒီအားနည်းချက်ကိုအတွင်းစည်းကအပြုသဘောပြုပြင်ကြရင်
အဖြစ်သင့်ဆုံးအရာပါ။ဗမာပြည်မှာဒေါ်စုထက်တော်တဲ့တတ်တဲ့သူတွေအများကြီးရှိတယ်ဆိုတာ
ကျွန်တော်လက်ခံပါတယ်၊မငြင်းနိုင်တဲ့အရာပါ။သို့သော်လည်းငါတော်တယ်၊တတ်တယ်ထင်ပြီးငါသာ
ခေါင်းဆောင်၊ငါလုပ်မှရမယ်ဆိုတဲ့အယူအဆမျိုးကိုမတွေစေချင်ပါ၊ယူဆရင်လည်းမှားလိမ့်မယ်
လို့ထင်ပါတယ်။ဦးဝင်းတင်၊ ဦးတင်ဦးတို့ဟာဒေါ်စုထက်အများကြီးအတွေ့အကြုံရှိပါတယ်။
တော်တယ်တတ်ပါတယ်သို့သော်လည်းသူတို့ဟာရှေ့ကမထွက်ပါ အများစုလက်ခံတဲ့၊ထင်ရှားတဲ့
ခေါင်းဆောင်ဒေါ်စုဆိုတဲ့မဏ္ဍိုင်ကိုဝိုင်းရံထိမ်းသိမ်းပဲ့ပြင်ပြီးနေကြပါတယ်၊
သူတို့လိုသဘောတရားမျိုးနဲ့ဒေါ်စုကိုတတိုင်းပြည်လုံးဝိုင်ရံကြမယ်ဆိုရင်ဘယ်သူမှ
တားဆီးလို့မရတဲ့ညီညွတ်တဲ့အင်အားကြီးတရပ်ရရှိလာမှာအမှန်ပါ၊ညီညွတ်ရေးကိုပြောစရာမလိုဘဲ
အလိုလိုညီညွတ်ပြီးသားဖြစ်သွားမဲ့သဘောပါ၊ ခေါင်းဆောင်တယောက်ဟာဘက်စုံပြီးပြည့်စုံဖို့မလိုပါ
အများစုလက်ခံတဲ့အရည်အချင်းရှိဘို့သာလိုပါတယ်။ ဥပမာ အမေရိကန်သမ္မတကိုကြည့်ပါ သမ္မတဟာဘက်စုံပြည့်စုံသူမဟုတ်ပါပြည်သူအများစုကရွေးချယ်ထားသူသာဖြစ်တယ်၊
အမေရိကန်သမ္မတဆိုတဲ့မဏ္ဍိုင်ကိုပညာရှင်များကဘက်စုံဝိုင်းရံလိုက်တဲ့အခါပြည့်စုံတဲ့သမ္မတတယောက်
ဖြစ်လာခဲ့ပါတယ်။ဒီလိုဘဲဒေါ်စုကိုလည်းငါတော်တယ်ငါတတ်တယ်လို့မစဉ်းစားဘဲ
ကိုယ်တတ်ကျွမ်းတဲ့ဘက်ကအားလုံးဝိုင်းရံလိုက်ကြမယ်ဆိုရင်ဒေါ်စုဟာပြည့်စုံတဲ့ခေါင်းဆောင်
တယောက်ဖြစ်သွားမှာအမှန်ပါ။

ဒါပေမဲ့တချို့ပုဂ္ဂိုလ်များကတကယ်လို့ဒေါ်စုတခုခုမှားသွားခဲ့ယင်ဘယ်လိုလုပ်မလဲလို့
မေးခွန်းထုတ်နိုင်ပါတယ်၊ဒီမေးခွန်းနှင့်ပတ်သက်လို့ကျွန်တော်ရဲ့အကောင်းဆုံးအတွေ့အကြုံတခုနှင့်ဖြေချင်ပါတယ်။ကျွန်တော်အင်မတန်ရိုသေလေးစားတဲ့ဆရာကြီးဦးတင်မိုးမကွယ်လွန်ခင်က
အမေရိကန်မှာသူသွားချင်တာတော်တော်များများကိုကျွန်တော်လိုက်ပို့ခွင့်ရခဲ့သလိုကျွန်တော်အိမ်မှာလဲတလကျော်ကျာ်လောက်နေသွားခဲ့ဖူးပါတယ်။ဆရာကြီးနှင့်အတူနေအတူသွးခဲ့စဉ်အတွင်းမှာဆရာကြီးရဲ့
အတွေးအခေါ်၊အယူအဆ၊ယုံကြည်ချက်၊ခံယူချက်၊ရပ်တည်ချက်တွေကိုအနီးကပ်ဆည်းပူးခွင့်ရခဲ့ပါတယ်။

ဆရာကြီးဟာဒေါ်စုကိုအလွန်ယုံကြည်လေးစားသူဖြစ်ပါတယ်၊သူ့ရဲ့တိုင်းပြည်ချစ်စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့
သူ့ရဲ့မျှော်လင့်ချက်ကိုဒေါ်စုဘဲအကောင်အထည်ဖေါ်ပေးနိုင်မယ်လို့အပြည့်အ၀ယုံကြည်ထားသူဖြစ်ပါတယ်။
ဆရာကြီးဟာအချိန်ရတိုင်းကျွန်တော်ကိုအမြဲလိုလိုပြောတာက မင်ဦးနှောက်ထဲမှာအမြဲထည့်ထားရမှာက
ငါတို့တိုင်းပြည်ကိုကယ်တင်နိုင်တာအခုအချိန်မှာဒေါ်စုတယောက်ဘဲရှိတယ်ဒီလိုခေါင်းဆောင်းတယောက်ပေါ်ထွန်းဘို့ငါနှစ်ပေါင်းများစွာစောင့်ခဲ့ရတယ်၊ဒေါ်စုဟာငါတို့တိုင်းပြည်ကိုအလင်းရောင်ပေးနိုင်တဲ့
တခုတည်းသောဖရောင်းတိုင်ဖြစ်တယ်၊ဒီအလင်းရောင်မပျောက်ကွယ်အောင်ငါတို့ကာကွယ်ရမယ်။အလင်းရောင်ပျောက်ကွယ်မဲ့တိုးဝင်လာမဲ့လေတွေမ၀င်နိုင်အောင်ဒို့ဝိုင်းဝန်းကာကွယ်ရမယ်။ဒီအလင်းရောင်ပျောက်ကွယ်သွားရင်
ငါတို့တိုင်းပြည်အမှောင်ဖုံးလွှမ်သွားလိမ့်မယ်လို့တဖွဖွမှာကြားခဲ့ပါတယ်။အားလုံးမျှဝေခံစားနိုင်ကြပါစေ။

တနေ့မှာပညာရှင်ဆွေးနွေးတခုကိုရောက်သွားကြပါတယ်။မြောက်ပိုင်းအယ်လ်နွိုက်တက္ကသိုလ်မှာပါ၊
အစည်းအဝေးမစခင် စားပွဲတခုမှာဆရာကြီး၊ဆရဦးဝင်းဖေ၊ဆရာမောင်စွမ်းရည်၊ကျွန်တော်
ထိုင်နေကြပါတယ်။ခဏကြာတော့ဒေါက်တာဇာနည်နှင်ုပညာရှင်တချို့ဟာဆရာကြီးကိုလာနှုတ်ဆက်ယင်းစကားထိုင်ပြောကြပါတယ်။အဲဒီအချိန်မှာကိုဇာနည်ဟာပြည်တွင်းကိုစစ်အစိုးရနှင့်ညှိနှိုင်းပြီးဝင်တော့မဲ့အချိန်ဖြစ်ပါတယ်ဆရာကြိးသိပါတယ်၊စကားပြောယင်းနဲ့ကိုဇာနည်ကဒေါ်စုကို
သူမယုံကြည်ကြောင်း၊လက်မခံကြောင်းပြောပါတယ်
ဆရာကြိးကဘာကြောင့်မယုံကြည်တာလဲလို့မေးပါတယ်။
ကိုဇာနည်ကသူမယုံကြည်တဲ့အကြောင်းကိုအများကြီပြောပါတယ်ပြီတော့ဆရာကြီးကိုမေးတယ်
ဆရာကော ဒေါ်စုကိုဘယ်လိုသဘောထားသလဲဆရာတဲ့ဆရာကြီးက ငါဒေါ်စုကိုတိုင်းပြည်ခေါင်းဆောင်
တယောက်အဖြစ်အပြည့်အ၀ယုံကြည်ထောက်ခံကြောင်းပြောပါတယ်၊
ကိုဇာနည်ကဒေါ်စုကိုဘယ်လိုအကြောင်းကြောင့်ယုံရသလဲလို့မေးပါတယ်။
ဆရာကြီးကငါ့အသက်အရွယ်၊ငါ့အတွေ့အကြုံ၊ငါလေ့လာသင်ယူထားတဲ့ပညာနဲ့လူတယောက်ကိုအလွယ်တကူ
ယုံကြည်မယ်လို့မင်းထင်သလားလို့ပြန်မေးပါတယ်။ကိုဇာနည်ကမထင်ပါဘူးဆရာ။ ဆရာလိုပုဂ္ဂိုလ်ကြီးကအလွယ်တကူယုံကြည်မယ်လို့မထင်ပါကျွန်တော်သိချင်လို့ပါလို့ပြောပါတယ်

အဲတော့ဆရာကြီးက
 ငါဟာဒေါ်စုကိုအနီးကပ်လေ့လာတယ်သူနှင့်အတူအချိန်အများကြီးလက်တွဲလုပ်ခဲ့တယ်။

ငါတွေ့သလောက်ဒေါ်စုဟာဒို့တိုင်းပြည်ကိုဦးဆောင်နိုင်တဲ့အရည်အချင်းရှိတဲ့ခေါင်းဆောင်တယောက်ဖြစ်တယ်လို့
ငါယုံကြည်တယ်လို့ပြောပါတယ်။ ကိုဇာနည်ကတကယ်လို့ဒေါ်စုဟာဆရာထင်သလိုမဟုတ်ဘဲ
တိုင်းပြည်အတွက်တခုခုမှားခဲ့မယ်ဆိုယင်ကောဟုမေးတဲ့အခါဆရာကြီးကငါ့အသက်အရွယ်နှင့်ငါ့အတွေ့အကြုံ
ကိုငါယုံတယ်တကယ်လို့မင်းပြောသလိုငါယံကြည်တဲ့ခေါင်းဆောင်ဟာမှားတယ်လို့ဘဲထား။ကုန်ကုန်ပြောမယ်ဒေါ်စုဂျောက်ထဲခုန်ချလိုက်ရင်ငါလည်းလိုက်ခုန်ချမယ်ကွာရှင်းလားငါယုံကြည်ချက်ကိုဘယ်တော့မှ
မစွန့်လွှတ်ဖူးကွလို့ဖြေလိုက်ပါတယ်။

အားလုံးစဉ်းစားကြည့်ကြပါဆရာကြီးရဲ့ယုံကြည်ချက်၊ခံယူချက်၊ရပ်တည်ချက်တွေဟာပြတ်သားပြီးဘယ်လောက်တည်တံ့ခိုင်မြဲသလဲဗျာ။လူအားလုံးသာဆရာကြီးရပ်ကြမယ်ဆိုရင်
ကျွန်တော်တို့ရဲ့ပန်းတိုင်ဟာမဝေးတော့တဲ့ကာလမှာရောက်ရှိမှာအမှန်မလွဲပါ။

နိဂုံး
အထက်ပါကျွန်တော်ရဲ့အတွေ့အကြုံအရဖြစ်ပေါ်လာသောအတွေးအခေါ်အယူအဆများကိုလေ့လာဖတ်ရှု့ပြီးတိုင်းပြည်အတွက်အကျိုးပြုသောအတွေးအခေါ်သစ်တရပ်ပေါ်ထွက်လာကြလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ကျွန်တော်တို့ဟာစစ်အာဏာရှင်ကိုအပြီးတိုင်ချေမှုန်းဖို့အတွက်တိုက်ပွဲဝင်
နေကြတာပါ။ဒီစစ်အုပ်စုရှိနေသ၍တိုက်ပွဲဝင်နေရအုံးမှာဘဲဖြစ်ပါတယ်။တိုက်ပွဲဝင်တဲ့အခါ
စစ်အုပ်စုကအားသာနေတယ် ကျွန်တော်တို့ကအားနည်းနေတယ်စသည့်တွေဝေအညံ့ခံတဲ့
စိတ်ဓါတ်မမွေးမိဖို့သိပ်အရေးကြီးပါတယ်။စစ်အစိုးရဘာဖြစ်နေနေ အမှန်တရားအတွက်တိုက်ပွဲဝင်တဲ့
အခါနောက်ဆုံးကောက်ရိုးတမျှင်ဘဲကျန်ပါစေ။အဲဒီကောက်ရိုးတမျှင်ကိုဆွဲကိုင်၍နောက်ဆုံးအထိ
တိုက်ပွဲဝင်သွားမယ်ဆိုတဲ့စိတ်ဓါတ်မွေးမှသာ
ကျွန်တော်တို့မျှော်မှန်းသောဒီမိုကရေစီနိုင်ငံဆီသို့အရောက်လှမ်နိုင်မည်ဖြစ်ပါကြောင်းပါခင်ဗျား။
                                                                                                                                                                                       သန်းဝင်း
                                                                                                                                                                                       9/20/2010


 

ကျွန်တော့်သဘောထားနှင့်အမှန်တရား

မိုးသီးဇွန် က အက်ဆစ် ဆောင်းပါးဟာ သူရေးတာမဟုတ်ဘူး လို့ ငြင်းပါတယ်။ ကျနော့သဘောထားကို သိအောင်လို့ ဒီ သတိပေးချက်ကို ပြောကြားလိုက်ပါတယ်။
     
                          ကျွန်တော်သဘောထားနှင့်အမှန်တရား

ကိုလွမ်ဆွေဘလော(ခ်)မှာ “အက်စစ်” ရေးသားတဲ့ဆောင်းပါးကိုကျွန်တော်ဝေဖန်တဲ့အတွက် တချို့ကပုဂ္ဂိုလ်ရေးတိုက်ခိုက်တယ်ဆိုပြီးဝေဖန်ကြပါတယ်၊ဝေဖန်မှုကိုကြိုဆိုပါတယ်။
လူတိုင်းမှာကိုယ့်ရဲ့ အတွေးအခေါ်၊အယူအဆ ကိုလွတ်လပ်စွာတင်ပြရေးသားခွင့်ရှိတယ်ဆိုတာကို
ကျွန်တော်နားလည်ပါတယ်။ အက်စစ်ဆောင်းပါးဟာရိုးရိုးသားသားရေးသားခဲ့ရင်ကျွန်တော်ဘာမှ
ဝေဖန်စရာအကြောင်းမရှိပါ။ဒါသူတို့ကိစ္စသာဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုမဟုတ်ပါ။

ရိုးသားမှုလုံးဝမရှိဘဲကြိုတင်ကြံစည်ပြီး မျက်နှာနှစ်ဖက်နဲ့ရေးတဲ့ဆောင်းပါးဖြစ်လို့
ကျွန်တော်လူအများမသိနိုင်တဲ့နောက်ဖက်ကမျက်နှာတခုကိုပေါ်လွင်အောင်ဝေဖန်လိုက်ရခြင်းဖြစ်ပါတယ်။
အက်စစ်ဆောင်းပါးမထွက်ခင်မိုးသီးနှင့်အပေါင်းပါတချို့ဟာမဲဆောက်လဘက်ရည်ဆိုင်မှာထိုင်ပြီး
နိုင်ငံရေးဆွေးနွေးကြပါတယ်။ မိုးသီးကအက်စစ်ဆောင်းပါးမှာပါတဲ့ဒေါ်စုနှင့်NLD ခေါင်းဆောင်များကို
တိုက်ခိုက်တဲ့အတွေးအခေါ်အယူအဆတွေကိုအလွတ်သဘောချဆွေးနွေးပါတယ်။အက်စစ်ဆောင်းပါးတင်လာတဲ့အခါ
သူဆွေးနွေးခဲ့တဲ့အယူအဆအတိုင်းပါလာခဲ့တယ်။ဒီဆောင်းပါးကို မိုးသီးရေးတယ်လို့ကျနော့်ဆောင်းပါးမှာ
 ဆိုလိုခဲ့ပါသလား။ “မိုးသီး မင်းရဲ့အတွေးအခေါ်ပါနေတယ်” လို့ ပြောခဲ့ပါတယ်။

သူကိုယုံကြည်တဲ့သူတယောက်ကို နာမည်ဝှက်နဲ့ရေးခိုင်းတယ်ဆိုတာသေချာပါတယ်ဒီကိစ္စကိုသူသိပါတယ်။
သူဒီလိုပုံစံလုပ်ခဲ့တာအခုမှမဟုတ်ပါကျွန်တော်နှင့်ထိတွေ့ခဲ့တဲ့88ကနေနယ်စပ်ABSDFအထိ
အကြိမ်ပေါင်းများစွာလုပ်ခဲ့ပြီးဖြစ်တယ်။မိုးသီးဟာမျက်နှာနှစ်ဖက်နှင့်လူဆိုတာသတိထားဘို့လိုပါတယ်။
မိုးသီးဟာသူစရိုက်အတိုင်းဆန့်ကျင်ဖက်ကအမြဲတွေးခေါ်လေ့ရှိတယ်။ဒီဆန့်ကျင်ဖက်အယူအဆကို
သူနာမည်နဲ့ထုတ်ပြန်လေ့မရှိပါလူတွေကန့်ကွက်ရင်သူထိမှာစိုးလို့ပါ။လူမိုက်ရှာပြီးတဖက်လှည့်နှင့်ထုတ်ပြန်လေ့ရှိတယ်
တခြားတဖက်မှာလူတွေလက်ခံနိုင်တဲ့စကားလုံးလှလှတွေကိုရွေးပြီးနာမည်ယူလေ့ရှိတယ်။

ထင်ရှားပေါ်လွင်အောင်မိုးသီးလုပ်ရပ်နှစ်ခုကိုကျွန်တော်သက်သေပြပါ့မယ်။ 88ကာလကကျွန်တော် နှင့်
ဂျင်မီ(ကျော်မင်းယု)တို့ထူထောင်ခဲ့တဲ့ ရကသ မှာတာဝန်ယူနေတဲ့အချိန်မှာ မိုးသီးဟာ ဗကသ ရဲ့
အထွေထွေအတွင်းရေမှုးပါ။သူတို့ချင်းဘာဖြစ်ကြတယ်ဆိုတာမသိပါကျွန်တော်တို့နေတဲ့ ရကသ(မန္တလေးဆောင်)ကိုလာပြီးဗကသမှာသူမနေချင်တော့ကြောင်း၊ကျွန်တော်တို့ရကသနှင့်ပူးပေါင်းလိုကြောင်း
ပြောပြီးလက်မှတ်(၃)ကြိမ်တိတိထိုးခဲ့တယ်။ကျွန်တော်နှင့်အတူဂျင်မီ တခြားကျောင်းသား ၆ယောက်
သက်သေရှိပါတယ်။တခြားတဖက်မှာလည်း အစဉ်လာကြီးမားတဲ့ ဗကသ မှာတာဝန်ထမ်းဆောင်ရတာ
များစွာဂုဏ်ယူကြောင်း၊ဗကသကိုအသက်တမျှချစ်မြတ်နိုးကြောင်းပြောပြိး 1990ရွေးကောက်ပွဲမတိုင်ခင် ဗကသ ကိုပစ်ထားခဲ့ပြိးလူ့ဘောင်သစ်ပါတီထောင်ပြန်ရော။

လူ့ဘောင်သစ်လဲနှစ်ခြမ်းကွဲသွားပြန်ရောပြီးတော့အဖမ်းခံရမှာကြောက်ပြီးကျွန်တော်ရှိတဲ့နယ်စပ်ABSDFကို
ပြေးလာပြန်တယ်။ ABSDF လည်းနှစ်ခြမ်းကွဲကွားပြန်ရော။
နောက်တခုကအမေရိကန်မှာပါ
ဒေါက်တာဇာနည်ဟာစစ်အစိုးရနှင့်ညှိနှိုင်းပြီးပြည်တွင်းဝင်ဘို့ကိစ္စကိုလူ(၅)ဦးနှင့်သဘောတူညီမှုယူခဲ့
ပါတယ်။သူတို့တွေတော့ ဘိုဘိုကျော်ငြိမ်း၊ ကိုအောင်သူငြိမ်း၊ မင်းဇော်ဦး၊ နော်မေဦး၊ မိုးသီးဇွန်
ဖြစ်ပါတယ်။အားလုံးသဘောတူညီမှုရပြီးမှဇာနည်ကြည်တွင်းဝင်သွားတယ်။
မကြာခင်ဘဲဇာနည်ပြည်တွင်းဝင်သွားကြောင်း ကိုဘိုဘိုကျော်ငြိမ်းကသတင်းဖွပြီးနောက်ကျောဓါးနှင့်
ထိုးလိုက်ပါတော့တယ် ။ ဒီအချိန်ထိ မိုးသီးဇွန် ဟာ ငြိမ်ပြီးကြည့်နေပါတယ်။

ကိုဇာနည်ကို အားလုံးက၀ိုင်းတိုက်ကြတဲ့အခါအခြေအနေမဟန်မှန်းသိတဲ့မိုးသီးက ဒီကိစ္စကို သူ့အနေနဲ့
လက်မခံနိုင်ကြောင်း၊ ဒေါက်တာဇာနည်ရဲ့သဘောထားတွေဟာ သူနဲ့ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ကြောင်း
ထုတ်ပြန်ကြေငြာပါတော့တယ်။ စဉ်းစားသာကြည့်ကြပါတော့။ ကိုဇာနည် ဟာ မိုးသီးဇွန် ကို အင်မတန်ရွံရှာ
သွားခဲ့ကြောင်းသိရပါတယ်။ ကိုဇာနည်အင်္ဂလန်မှာရှိတယ်မေးကြည့်နိုင်ပါတယ်။

မိုးသီးဇွန် ရဲ့သဘောထားဘာလဲဆိုတာ သိချင်ရင် မဇ္ဖိမမှာ တခါတုန်းက အင်္ဂလိပ်လိုဆောင်းပါးတခုကို
 ဒေါက်တာစိန်မြင့်၊ ဘိုဘိုကျော်ငြိမ်း တို့နဲ့တွဲရေးတဲ့ ဆောင်းပါးကိုသာဖတ်ကြည့်ပါ။ စီးပွားရေးပိတ်ဆို့မှု ကို 
ရုတ်သိမ်းတော့မရောင်ရောင် မစ္စတာဂျင်ဝက် ပြောခဲ့တဲ့ စကားကို နင်းလိုက်ပြီး ရေးခဲ့တဲ့ဆောင်းပါးပါ။
မိုးသီးကိုသတိထားစေချင်တာက
 မဲဆောက်သွားတာကို နိုင်ငံရေး၊တော်လှန်ရေးအကြီးအကျယ်လုပ်နေသလိုလို ဟန်မဆောင်စေချင်ပါ။
ကျုပ်နားလည်တာက မဲဆောက်လဲကွန်ပျုတာနိုင်ငံရေးလုပ် သတင်းရောင်းစားနေတယ်။
 အမေရိကန်ပြည်ထောင်စုမှာ နေလည်း ကွန်ပျုတာနိုင်ငံရေးပါဘဲဘာထူးခြားလို့လဲ။

တကယ်လို့ထူးခြားစေချင်ယင် တောထဲဆင်းပြီးဘ၀နှင့်အသက်ရင်းပြီးစစ်တိုက်ပြပါ ။
 ဒါမှမဟုတ် ပြည်တွင်းကို ယူဂျီဆင်းသွားပါအဲဒါဆိုရင်အသိအမှတ်ပြုနိုင်ပါတယ်

ကျန်တာတော့အာလုံးအတူတူပါဘဲ။ မိုးသီးနှင့်လက်တွဲနေကြသူများသတိထားနိုင်ကြပါစေ။
                                                                                                                       သန်းဝင်း
                                                                                                                      9/20/2010                                                                                                                                                                                           

မိုးသီးဇွန်နှင့်လူထုကော်မတီသို့-----

လူထုတိုက်ပွဲကော်မတီသို.
တိုင်းပြည်ဒီလောက်အရေးကြီးတဲ့အခြေအနေမှာညီညွတ်ရေးကိုဦးတည်ပြီးတစ်ဦးချင်းကျောချင်းကပ်ရမဲ့အချိန်မှာ
တိုင်းပြည်ရဲ့အထင်ကရခေါင်းဆောင်များဖြစ်တဲ့ဒေါ်အာင်ဆန်စုကြည်၊ဦးတင်ဦး၊ဦးဝင်းတင်နှင့် NLD ကို
ပြင်းပြင်းထန်ထန်တိုက်ခိုက်ခြင်းဟာတိုင်းပြည်အတွက်အကျိုးမဲ့တဲ့အပြင် ဒီမိုကရေစီအင်အားစုနှင့်
ပြည်သူလူထုအကြားညီညွတ်မှုမရှိသယောင်ယောင်ရည်ရွယ်ချက်ရှိရှိထိုးခွဲဘို.ကြိုးစားချင်းဟာ မဖြစ်သင့်
မဖြစ်ထိုက်တဲ့ကိစ္ဓဖြစ်သလိုမလုပ်သင့်မလုပ်ထိုက်ကိစ္စလို.ကျုပ်ယူဆတယ်။ ဒီလိုဆိုရင်ခင်ဗျားတို.ကို
ကျုပ်မေးပါရစေခင်ဗျားတို.ကားဘာလုပ်နေကြတာတုန်း။တကယ်ဆိုရင်လူထုတိုက်ပွဲကော်မတီဖွဲ.ထားတဲ့
ခင်ဗျားတို.မှာပိုတာဝန်ရှိတာပေါ့။ ကိုယ့်ယူထားတဲ့တာဝန်ကိုမလုပ်ဘဲနှင့်သတ္တိရှိရှိရဲရင့်စွာတိုက်ပွဲဝင်နေ
ကြတဲ့အထင်ကရတိုင်းပြည်ခေါင်းဆောင်များကိုဝေဖန်တိုက်ခိုက်တာဟာဘေးထိုင်ဘုပြောဘာမှမလုပ်ဘဲ
လေတ၀ုန်းဝုန်းနှင့်ထိုင်ပြီးအော်နေတဲ့လေထုကော်မတီရဲ့လုပ်ရိုးလုပ်စဉ်ဘဲဖြစ်တယ်။
ခင်ဗျားတို.ဟာတိုင်းပြည်အပေါ်မှာစေတနာထားပြီးလုပ်တဲ့လုပ်ရပ်မဟုတ်ဘူး၊
စေတနာထားရင်ဒီအလုပ်ကိုမလုပ်ဘူး။
ခင်ဗျားတို.ဟာတိုင်းပြည်ကိုကမောက်ကမဖြစ်အောင်၊လူထုကြားထဲမှာတွေဝေအောင်၊သံသယတွေကြီးထွား
လာအောင်လုပ်တဲ့လုပ်ရပ်ဖြစ်တယ်လို.ကျုပ်ခိုင်မာစွာယူဆတယ်။ဒီတော့ခင်ဗျားတို.လေထုကော်မတီရဲ့
လုပ်ရပ်ကိုရပ်တံ့က ရပ်ပါ။တကယ်လို.ခင်ဗျားတို.ကခေါင်းဆောင်တွေကိုဆက်လက်တိုက်ခိုက်နေအုံးမယ်
ဆိုရင်ကျုပ်ကလဲကျုပ်စွမ်းသလောက်ပြင်းထန်စွာတိုက်ပွဲဝင်ရလိမ့်မယ်။တိုင်းပြည်အရေးနှင့်ပတ်သက်
လာရင်ကျုပ်ဘယ်သူမှညှာမှာမဟုတ်ဘူးဆိုတာခင်ဗျားတို.သိထားပါ၊
မယုံဘူးထင်၇င်စမ်းကြည့်ပါကျုပ်အဆင်သင့်ဘဲ။

မိုးသီး
ကိုလွမ်းဆွေဘလော(ခ်)မှာအက်စစ်ေ၇းတဲ့ဆောင်းပါးမှာဒေါ်စု၊ဦးတင်ဦး၊ဦးဝင်းတင်တို.ကိုတိုက်ခိုက်တဲ့
စာသားတွေဟာမင်းရဲ့အတွေးအခေါ်၊အယူအဆဆိုတာငါသိတယ်။ရှစ်ဆယ်ရှစ်တုန်းကလဲ ဒေါ်စုကို
တိုက်ခိုက်ပြီးပြီ၊အခုလဲဒုတိယအကြိမ်တိုက်ပြန်ပြီ။မင်းဟာမင်း ဘာကောင်ထင်နေလဲကွ။
မင်းလိုအောက်တန်းစားနှင့်ဒေါ်စုဟာမိုးနှင့်မြေလိုကွာတယ်ဆိုတာမင်းမသိဘူးလား။မင်းသမိုင်းကို
မင်းပြန်ကြည့်အုံး၊အာဏာလေးတခြမ်းတပဲ့ရတာနှင့်လူသတ်တယ်၊မင်းရောက်တဲ့နေရာမှာအဖွဲ.ကွဲတယ်၊
တိုင်းပြည်အရေးကြီးတဲ့အချိန်တိုင်းမှာမင်းခလောက်ဆန်တယ်။ ဘယ်မှာလဲမင်းရဲ့ကောင်းတဲ့သမိုင်း၊

မင်းအခြေအနေကိုမင်းသိပါ။သမိုင်းမသိတဲ့လူတွေကိုလိမ်ပြီးခေါင်းဆောင်ဖြစ်ချင်တဲ့မင်းဟာဘာကောင်မှ
မဟုတ်ဘူးဆိုတာမင်းအသိဆုံး၊ငါအသိဆုံးပါ။အခုမင်းလုပ်ရမှာကအမဲစက်စွန်းထင်နေတဲ့မင်းရဲ့သမိုင်းဆိုးကို
ဘယ်လိုဖြေရှင်းမလဲဆိုတာကိုဘဲပထမမင်းစဉ်းစားပါ၊မင်းလိုသမိုင်းဆိုး၊အကျင့်ဆိုးနှင့်အကောင်ကို
မင်းဘာလုပ်လုပ်ဘယ်ခေါင်းဆောင်၊ဘယ်ပြည်သူတဦးတယောက်မှအလေးထားလက်ခံကြမှာ
မဟုတ်ဘူးဆိုတာကိုမင်းနားလည်ပါ။မင်းဟာတိုင်းပြည်ရဲ့အမှိုက်တခုဆိုတာဘဲငါပြောပါရစေ။

တိုင်းပြည်ရဲ့ဂုဏ်သိက္ခာ၊ရှစ်ဆယ်ရှစ်ရဲ့ဂုဏ်သိက္ခာကိုအစဉ်ဦးထိပ်ထားလျက်
                                                                                   သန်းဝင်း
                                                                                9/16/2010

အားလုံးကိုနုတ်ဆက်ပါတယ်

နေကောင်းကြပါရဲ့လား။ပြည်ပနိုင်ငံရေးလောက ကိုစိတ်ပျက်ပေမဲ့တိုင်းပြည်အရေးကြီးတဲ့
အချိန်ကိုရောက်နေတယ်လို့ယူဆတဲ့အတွက်အားမာန်အပြည့်နဲ့လုပ်ဆောင်သွားပါမယ်။