မိုးသီးဇွန် က အက်ဆစ် ဆောင်းပါးဟာ သူရေးတာမဟုတ်ဘူး လို့ ငြင်းပါတယ်။ ကျနော့သဘောထားကို သိအောင်လို့ ဒီ သတိပေးချက်ကို ပြောကြားလိုက်ပါတယ်။
ကျွန်တော်သဘောထားနှင့်အမှန်တရား
ကိုလွမ်ဆွေဘလော(ခ်)မှာ “အက်စစ်” ရေးသားတဲ့ဆောင်းပါးကိုကျွန်တော်ဝေဖန်တဲ့အတွက် တချို့ကပုဂ္ဂိုလ်ရေးတိုက်ခိုက်တယ်ဆိုပြီးဝေဖန်ကြပါတယ်၊ဝေဖန်မှုကိုကြိုဆိုပါတယ်။
လူတိုင်းမှာကိုယ့်ရဲ့ အတွေးအခေါ်၊အယူအဆ ကိုလွတ်လပ်စွာတင်ပြရေးသားခွင့်ရှိတယ်ဆိုတာကို
ကျွန်တော်နားလည်ပါတယ်။ အက်စစ်ဆောင်းပါးဟာရိုးရိုးသားသားရေးသားခဲ့ရင်ကျွန်တော်ဘာမှ
ဝေဖန်စရာအကြောင်းမရှိပါ။ဒါသူတို့ကိစ္စသာဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုမဟုတ်ပါ။
ရိုးသားမှုလုံးဝမရှိဘဲကြိုတင်ကြံစည်ပြီး မျက်နှာနှစ်ဖက်နဲ့ရေးတဲ့ဆောင်းပါးဖြစ်လို့
ကျွန်တော်လူအများမသိနိုင်တဲ့နောက်ဖက်ကမျက်နှာတခုကိုပေါ်လွင်အောင်ဝေဖန်လိုက်ရခြင်းဖြစ်ပါတယ်။
အက်စစ်ဆောင်းပါးမထွက်ခင်မိုးသီးနှင့်အပေါင်းပါတချို့ဟာမဲဆောက်လဘက်ရည်ဆိုင်မှာထိုင်ပြီး
နိုင်ငံရေးဆွေးနွေးကြပါတယ်။ မိုးသီးကအက်စစ်ဆောင်းပါးမှာပါတဲ့ဒေါ်စုနှင့်NLD ခေါင်းဆောင်များကို
တိုက်ခိုက်တဲ့အတွေးအခေါ်အယူအဆတွေကိုအလွတ်သဘောချဆွေးနွေးပါတယ်။အက်စစ်ဆောင်းပါးတင်လာတဲ့အခါ
သူဆွေးနွေးခဲ့တဲ့အယူအဆအတိုင်းပါလာခဲ့တယ်။ဒီဆောင်းပါးကို မိုးသီးရေးတယ်လို့ကျနော့်ဆောင်းပါးမှာ
ဆိုလိုခဲ့ပါသလား။ “မိုးသီး မင်းရဲ့အတွေးအခေါ်ပါနေတယ်” လို့ ပြောခဲ့ပါတယ်။
သူကိုယုံကြည်တဲ့သူတယောက်ကို နာမည်ဝှက်နဲ့ရေးခိုင်းတယ်ဆိုတာသေချာပါတယ်ဒီကိစ္စကိုသူသိပါတယ်။
သူဒီလိုပုံစံလုပ်ခဲ့တာအခုမှမဟုတ်ပါကျွန်တော်နှင့်ထိတွေ့ခဲ့တဲ့88ကနေနယ်စပ်ABSDFအထိ
အကြိမ်ပေါင်းများစွာလုပ်ခဲ့ပြီးဖြစ်တယ်။မိုးသီးဟာမျက်နှာနှစ်ဖက်နှင့်လူဆိုတာသတိထားဘို့လိုပါတယ်။
မိုးသီးဟာသူစရိုက်အတိုင်းဆန့်ကျင်ဖက်ကအမြဲတွေးခေါ်လေ့ရှိတယ်။ဒီဆန့်ကျင်ဖက်အယူအဆကို
သူနာမည်နဲ့ထုတ်ပြန်လေ့မရှိပါလူတွေကန့်ကွက်ရင်သူထိမှာစိုးလို့ပါ။လူမိုက်ရှာပြီးတဖက်လှည့်နှင့်ထုတ်ပြန်လေ့ရှိတယ်
တခြားတဖက်မှာလူတွေလက်ခံနိုင်တဲ့စကားလုံးလှလှတွေကိုရွေးပြီးနာမည်ယူလေ့ရှိတယ်။
ထင်ရှားပေါ်လွင်အောင်မိုးသီးလုပ်ရပ်နှစ်ခုကိုကျွန်တော်သက်သေပြပါ့မယ်။ 88ကာလကကျွန်တော် နှင့်
ဂျင်မီ(ကျော်မင်းယု)တို့ထူထောင်ခဲ့တဲ့ ရကသ မှာတာဝန်ယူနေတဲ့အချိန်မှာ မိုးသီးဟာ ဗကသ ရဲ့
အထွေထွေအတွင်းရေမှုးပါ။သူတို့ချင်းဘာဖြစ်ကြတယ်ဆိုတာမသိပါကျွန်တော်တို့နေတဲ့ ရကသ(မန္တလေးဆောင်)ကိုလာပြီးဗကသမှာသူမနေချင်တော့ကြောင်း၊ကျွန်တော်တို့ရကသနှင့်ပူးပေါင်းလိုကြောင်း
ပြောပြီးလက်မှတ်(၃)ကြိမ်တိတိထိုးခဲ့တယ်။ကျွန်တော်နှင့်အတူဂျင်မီ တခြားကျောင်းသား ၆ယောက်
သက်သေရှိပါတယ်။တခြားတဖက်မှာလည်း အစဉ်လာကြီးမားတဲ့ ဗကသ မှာတာဝန်ထမ်းဆောင်ရတာ
များစွာဂုဏ်ယူကြောင်း၊ဗကသကိုအသက်တမျှချစ်မြတ်နိုးကြောင်းပြောပြိး 1990ရွေးကောက်ပွဲမတိုင်ခင် ဗကသ ကိုပစ်ထားခဲ့ပြိးလူ့ဘောင်သစ်ပါတီထောင်ပြန်ရော။
လူ့ဘောင်သစ်လဲနှစ်ခြမ်းကွဲသွားပြန်ရောပြီးတော့အဖမ်းခံရမှာကြောက်ပြီးကျွန်တော်ရှိတဲ့နယ်စပ်ABSDFကို
ပြေးလာပြန်တယ်။ ABSDF လည်းနှစ်ခြမ်းကွဲကွားပြန်ရော။
နောက်တခုကအမေရိကန်မှာပါ
ဒေါက်တာဇာနည်ဟာစစ်အစိုးရနှင့်ညှိနှိုင်းပြီးပြည်တွင်းဝင်ဘို့ကိစ္စကိုလူ(၅)ဦးနှင့်သဘောတူညီမှုယူခဲ့
ပါတယ်။သူတို့တွေတော့ ဘိုဘိုကျော်ငြိမ်း၊ ကိုအောင်သူငြိမ်း၊ မင်းဇော်ဦး၊ နော်မေဦး၊ မိုးသီးဇွန်
ဖြစ်ပါတယ်။အားလုံးသဘောတူညီမှုရပြီးမှဇာနည်ကြည်တွင်းဝင်သွားတယ်။
မကြာခင်ဘဲဇာနည်ပြည်တွင်းဝင်သွားကြောင်း ကိုဘိုဘိုကျော်ငြိမ်းကသတင်းဖွပြီးနောက်ကျောဓါးနှင့်
ထိုးလိုက်ပါတော့တယ် ။ ဒီအချိန်ထိ မိုးသီးဇွန် ဟာ ငြိမ်ပြီးကြည့်နေပါတယ်။
ကိုဇာနည်ကို အားလုံးက၀ိုင်းတိုက်ကြတဲ့အခါအခြေအနေမဟန်မှန်းသိတဲ့မိုးသီးက ဒီကိစ္စကို သူ့အနေနဲ့
လက်မခံနိုင်ကြောင်း၊ ဒေါက်တာဇာနည်ရဲ့သဘောထားတွေဟာ သူနဲ့ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ကြောင်း
ထုတ်ပြန်ကြေငြာပါတော့တယ်။ စဉ်းစားသာကြည့်ကြပါတော့။ ကိုဇာနည် ဟာ မိုးသီးဇွန် ကို အင်မတန်ရွံရှာ
သွားခဲ့ကြောင်းသိရပါတယ်။ ကိုဇာနည်အင်္ဂလန်မှာရှိတယ်မေးကြည့်နိုင်ပါတယ်။
မိုးသီးဇွန် ရဲ့သဘောထားဘာလဲဆိုတာ သိချင်ရင် မဇ္ဖိမမှာ တခါတုန်းက အင်္ဂလိပ်လိုဆောင်းပါးတခုကို
ဒေါက်တာစိန်မြင့်၊ ဘိုဘိုကျော်ငြိမ်း တို့နဲ့တွဲရေးတဲ့ ဆောင်းပါးကိုသာဖတ်ကြည့်ပါ။ စီးပွားရေးပိတ်ဆို့မှု ကို
ရုတ်သိမ်းတော့မရောင်ရောင် မစ္စတာဂျင်ဝက် ပြောခဲ့တဲ့ စကားကို နင်းလိုက်ပြီး ရေးခဲ့တဲ့ဆောင်းပါးပါ။
မိုးသီးကိုသတိထားစေချင်တာက
မဲဆောက်သွားတာကို နိုင်ငံရေး၊တော်လှန်ရေးအကြီးအကျယ်လုပ်နေသလိုလို ဟန်မဆောင်စေချင်ပါ။
ကျုပ်နားလည်တာက မဲဆောက်လဲကွန်ပျုတာနိုင်ငံရေးလုပ် သတင်းရောင်းစားနေတယ်။
အမေရိကန်ပြည်ထောင်စုမှာ နေလည်း ကွန်ပျုတာနိုင်ငံရေးပါဘဲဘာထူးခြားလို့လဲ။
တကယ်လို့ထူးခြားစေချင်ယင် တောထဲဆင်းပြီးဘ၀နှင့်အသက်ရင်းပြီးစစ်တိုက်ပြပါ ။
ဒါမှမဟုတ် ပြည်တွင်းကို ယူဂျီဆင်းသွားပါအဲဒါဆိုရင်အသိအမှတ်ပြုနိုင်ပါတယ်
ကျန်တာတော့အာလုံးအတူတူပါဘဲ။ မိုးသီးနှင့်လက်တွဲနေကြသူများသတိထားနိုင်ကြပါစေ။
သန်းဝင်း
9/20/2010
No comments:
Post a Comment