နိုဝင်ဘာလ ၁၇ ရက် ၂၀၁၀ နေ့ ဘီဘီစီ ကထုတ်လွှင့်သွားသော သတင်းဖလှယ်အစီအစဉ်မှာ အောင်နိုင်ဦး ဆွေးနွေးတာကိုကြားရတဲ့အခါ ဆက်နားထောင်နိုင်စွမ်းမရှိတော့ဘဲ
နားခါးခြင်း ၊ ဒေါသဖြစ်ခြင်း ၊သီးခံနိုင်စွမ်းမရှိတော့ခြင်းကြောင့် ဒီစာကိုရေးလိုက်တာဖြစ်ပါတယ်။
BBC , VOA, DVB ,RFA နှင့် မီဒီယာများခင်ဗျား
အောင်နိုင်ဦး လို ဘာအရည်အချင်းမှမရှိ ၊ အချောင်သမား ၊ ဘာကောင်မှမဟုတ်တဲ့ အခွင့်အရေးသမား တယောက်ကို နိုင်ငံရေးကျွမ်းကျင်ပညာရှင်ဟု ပြောလိုပြော ။ လူ ၅ ယောက် ဘဲရှိတဲ့ ဗဟု အဖွဲ့
ညွန်ကြားရေးမှူး ဟုရာထူးတွေတပ်ပြီး မီဒီယာများမှအကြိမ်ကြိမ် အင်တာဗျူး ပြီးတင်ပေးနေတာကိုတော့ ခင်ဗျားတို့မှာလုပ်ပိုင်ခွင့် ရှိတယ်ဆိုတာမှန်ပေမဲ့နားထောင်ရတဲ့ပရိသတ် မှာအလွန်စိတ်အနှောက်အယှက် ဖြစ်ရတဲ့အပြင်ပရိသတ်တွေကိုစော်ကားနေတယ်ဟုယူဆပါသောကြောင့် မလုပ်သင့်
မလုပ်ထိုက်သောအလုပ် ၊မဖြစ်သင့်မဖြစ်ထိုက်သော ကိစ္စ ကို ခင်ဗျားတို့အကြိမ်ကြိမ်လုပ်နေကြတယ်
လို့ ကျနော်ပွင့်ပွင့်လင်းလင်းဝေဖန်ထောက်ပြလိုက်ပါတယ်။ ကျနော်မီဒီယာများကိုမေးပါရစေ
(၁) အောင်နိုင်ဦးကိုအင်တာဗျူးလို့ တိုင်းပြည်အတွက်ဘာအကျိုး ရလဒ်ရလို့ အကြိမ်ကြိမ်လုပ်နေကြတာလဲ ?
(၂) အောင်နိုင်ဦ ဆွေးနွေမှုတွေဟာ တိုင်းပြည်အတွက်ရော ၊နားထောင်တဲ့ပရိသတ်အတွက်ပါ ဘာအကျိုးအမြတ် ၊ဘာဗဟုသုတ ရလို့ အကြိမ်ကြိမ်လုပ်နေကြတာလဲ ?
(၃)အောင်နိုင်ဦးဟာဒီမိုကရေစီတော်လှန်ရေးမှာ ဘယ်လောက်ရင်းနှီးဖြတ်သန်းခဲ့လို့ အရေးတကြီးပုဂ္ဂိုလ်တယောက်လိုသဘောထားပြီးတင်ပေးနေရတာလဲ ?
( ၄) အောင်နိုင်ဦးဟာ ဘယ်လောက်များအချိန်ယူပြီးလေ့လာခဲ့ လို့ မြန်မာ့အရေး ကျွမ်းကျင်ပညာရှင် ဟုအသိအမှတ်ပြု နေကြတာလဲ ၊ ခင်ဗျားတို့ သူ့အကြောင်းကို ဘယ်လောက်သိကြလို့ လဲ ?
အခုလဲကြည့်ပါ ဒေါ်စုလွတ်မြောက်လာလို့ပြည်တွင်း/ ပြည်ပ မကျန် တိုင်းပြည်မှာ အပြောင်းအလဲ
တခုကို ဖန်တီးနိုင်တဲ့ တဦးတည်းသော အမျိုးသား ခေါင်းဆောင်တယောက်ပေါ်ထွန်းလာတာကိုဝမ်းသာ
ဂုဏ်ပြုကြ ၊ ကြိုဆိုထောက်ခံကြ နဲ့ ပွက်ပွက်ညံနေတဲ့ အချိန်မှာ စစ်အာဏာရှင်ကို ဘယ်တော့မှဝေဖန်
ထောက်ပြမှုမရှိဘဲ ဘာအမှားမှမရှိတဲ့ ခေါင်းဆောင်ဒေါ်စု ကိုပြင်းပြင်းထန်ထန်ဝေဖန် အပြစ်ပုံချ၊ ဆရာလုပ်နေတာတွေကို ဘီဘီစီ က အချိန်ကုန်ခံပြီး ထုတ်လွှင့်နေတာကို ဘာအကြောင်းကြောင့် ဒီလိုလုပ်နေကြသလဲ ဆိုတာ ကျနော်လုံးဝနားမလည်နိုင်ပါ ၊ ဘီဘီစီဂုဏ်သိက္ခာလဲ ကျဆင်းတယ်လို့ ကျနော်ထင်ပါတယ် ။ကျနော်တောင်သူပြောနေတာတွေကိုနားထောင်နိုင်စွမ်းမရှိတော့လို့ ပိတ်လိုက်ရတဲ့
အဆင့်ရောက်သွားပါတယ် ကျနော့်လိုပရိသတ် ဘယ်လောက်ရှိမယ်ဆိုတာ ကို ဘီဘီစီခန့်မှန်းစေချင်ပါတယ် ။ ဘီဘီစီအတွက်ဘာအကျိုးမှမရှိတဲ့အပြင် အများကြီးနစ်နာစေပါတယ် ။
ဒီလိုဆိုယင် ခင်ဗျားတို့မီဒီယာကို အောင်နိုင်ဦးဆိုသူဟာ ဘယ်လိုအကောင်လဲ ၊ ဘာလုပ်ခဲ့သလဲ ၊ ဘာလုပ်နေသလဲ ဆိုတာကို သိအောင် တချို့ ကိုထုတ်ပြလိုက်ပါတယ်။
ဘာကောင်လဲ။
အောင်နိုင်ဦးဆိုတာ အချောင်သမား ၊ အခွင့်ရေးသမား ၊ စိတ်ဓါတ် အလွန်ညံ့ဖျင်းပြီး အောက်တန်းကျသော၊ လက်တွေ့မကျသော အာချောင်နေသူတယောက်သာဖြစ်တယ်။တိုင်းပြည်အတွက်ဘယ်တုန်းကမှ
အရင်းအနှီးပြုခဲ့သူမဟုတ်ပါ ။ အချောင်နေ ၊အချောင်စား ၊ တိုင်းပြည်နိုင်ငံရေးကို ဘမ်းပြပြီး လုပ်စားနေသူ
တယာက်သာဖြစ်ပါတယ်။
ဘာလုပ်ခဲ့သလဲ
အောင်နိုင်ဦးဟာ ၈၈ အရးတော်ပုံမှာ ဘာလှုပ်ရှားမှုမှပါခဲ့သူမဟုတ်ပါ ။ နယ်စပ် ABSDF မှာ ကျနော် ဗဟိုအတွင်းရေးမှူးဖြစ်တဲ့အချိန်မှာ သူဟာ သစ်ဘောဘိုးစခန်းအတွင်းရေးမှူးပါ ။ဘာမှထိထိရောက်ရောက်
လုပ်ခဲ့တာမရှိတဲ့အပြင်AB ဗဟိုကို ကန့်လန့်တိုက်ပြီး တောက်လျှောက် ဆန့်ကျင်ခဲ့သူပါ ။ လက်နက်ကိုင်
တော်လှန်ရေးထဲမှာ ရှိနေခဲ့ပေမဲ့ တော်လှန်ရေးအတွက်ဘာမှမလုပ်ခဲ့ဘဲ အမြဲတမ်းအချောင်နေ
အချောင်စားဖြင့်သာနေခဲ့သူပါ ။ သူဟာ အေဘီကနေထွက်ပြီး ထိုင်းနိုင်ငံထဲမှာတိုင်းပြည်ကိုပြပြီး အချောင်လုပ်စားနေတဲ့အချိန်မှာအေဘီရဲ့အဖွဲ့ဝင်ဖြစ်ခဲ့သော်လဲ လက်နက်ကိုင်တော်လှန်ရေးကို
သူမယုံကြည်ကြောင်း ၊ အေဘီအဖွဲ့က လူသတ်နေပါတယ် ဆိုပြီးထုတ်ပြန်ကြေငြာပြီး မိမိအကျိုး
အတွက်မိခင် အဖွဲ့အစည်းအေဘီကို အသုံးချ၍ ဂုဏ်သိက္ခာညှိုးနွမ်းအောင်လုပ်ဆောင်ခဲ့သူဖြစ်တယ် ။
ဘာရပ်တည်ချက်မှခိုင်ခိုင်မာမာမရှိဘဲ မိမိအကျိုးအတွက်အဆင်ပြေရာကိုသာ ဦးစားပေးလုပ်ဆောင်နေသူ
သာဖြစ်တယ်။
ယခုဘာလုပ်နေသလဲ
အောင်နိုင်ဦးဟာ ဇော်ဦး ဦးဆောင်တဲ့ ဗဟု အဖွဲ့မှာပါဝင်နေတဲ့သူဖြစ်တယ် ။
ဗဟုအဖွဲ့ဆိုတာ ပြည်တွင်းကိုဝင်ပြီး NGO ဖွဲ့၍ လုပ်စားဖို့ ကျိုးစားနေတဲ့အဖွဲ့ဖြစ်တယ် ။
ဇော်ဦးကိုယ်တိုင်ပြည်တွင်းကိုအကြိမ်ပေါင်းများစွာဝင်ရောက်နေသူဖြစ်တယ်။
ဗဟုအဖွဲ့ကို ဒီမိုကရေစီအင်အားစုများက ဟိုဖက်သာယင်ဟိုဖက်လိုက် ဒီဖက်သာယင်ဒီဖက်လိုက် ဟိုပေါင်ရိုက် ဒီပေါင်ရိုက်လုပ်နေကြလို့ဗဟု အဖွဲ့ကို လအု အဖွဲ့ ဟုပြောင်းလဲခေါ်နေကြတာကို
ကောကြားမိကြရဲ့လား ။အောင်နိုင်ဦး မိန်းမ ရှိုနာဟာ NGO တခုရဲ့ ဒါရိုက်တာဖြစ်ပြီးပြည်တွင်းကို
အကြိမ်ပေါင်းများစွာဝင်ထွက်နေသူဖြစ်တယ် စစ်အစိုးရနဲ့ပေါင်းပြီးစီပွားလုပ်နေသူဖြစ်တယ်။
အောင်နိုင်ဦးဟာ ပဲခူး ဘက်က သက္ကလ နယ်သားဖြစ်တယ် သူတို့မိသားစု ဟာ ၈၈ မတိုင်ခင်ကဆင်းရဲ
နွမ်းပါးခဲ့သူတွေဖြစ်တယ် ယခုအချိန်သူမိသားစုဟာ ရန်ကုန် ပဲခူး ကားလမ်းပေါ်မှာ သိန်းထောင်ချီတန်တဲ့ အိမ်ခြံနဲ့နေနေကြပြီ ဖြစ်တယ်။ ယခု သက္ကလ နယ်တခုလုံးက ပြောနေကြတာက တိုင်းပြည် ပြောင်းလား
မပြောင်းလားတော့ မသိဘူး အောင်နိုင်ဦးတို့မိသားစုကတော့ ဘ၀ပြောင်းသွားကြပြီဟု ပြောနေကြ
ကြောင်းကိုသူအကြောင်းကို တိတိကျကျသိတဲ့ သူနှင့်တနယ်တည်းသားတယောက်ကကျနော်ကိုပြော၍ သိခဲ့ရပါတယ် ။ဒါကြောင့်အောင်နိုင်ဦးဟာ သူကိုယ်ကျိုးအတွက် စီးပွားရေးပိတ်ဆို့မှုကို ကန့်ကွက်နေတာ ဖြစ်တယ် ။ စစ်အစိုးရဖက်ကရပ်ပြီး ဒီမိုကရေစီအင်အားစုများနှင့် အမျိုးသားခေါင်းဆောင် ဒေါ်စုကို တိုက်ခိုက်နေတာဖြစ်တယ် ။
မြန်မာ့အရေး ကျွမ်းကျင်ပညာရှင်ဟု အောင်နိုင်ဦးကိုပြောဆိုနေကြသော မီဒီယာများခင်ဗျား
မြန်မာ့အရေးကျွမ်းကျင်ပညာရှင် ဆိုတဲ့ တာဝန် ဟာ လေးလေးနက်နက်စဉ်းစားကြည့်ယင် အင်မတန်ကြီးကျယ်မြင့်မြတ်တဲ့ သုတေသီကိုမှပေးတဲ့အမည်နာမ ဖြစ်ပါတယ် ၊ ဥပမာ သမိုင်းပညာရှင်
ဒေါက်တာသန်းထွန်းလို ပုဂ္ဂိုလ်မျိုကိုဆိုလိုခြင်းပါ ။အောင်နိုင်ဦးလိုအကောင်ကို ဒီတာဝန်ကိုအသိအမှတ်ပြု ခေါ်နေကြတဲ့ မီဒီယာများကို ကျနော်တခုလောက်ထောက်ပြချင်ပါတယ်။ ခင်ဗျားတို့ခေါ်နေတဲ့ မြန်မာ့အရေးကျွမ်းကျင်ပညာရှင်ဆိုတဲ့ အောင်နိုင်ဦးကိုတချက်လောက်မေးကြည့်ပေးပါ
ကျွမ်းကျင်ပညာရှင်ဟုဆိုရလောက်အောင် ဘယ်တုန်းက ဘယ်လောက်ကြာကြာတပြည်လုံးအရေးကို
လေ့လာထားသလဲ ဖြေပေးပါ ။ ဘယ်လိုကြီးကျယ်မြင့်မြတ်တန်ဘိုးရှိသော စာအုပ်မျိုးကိုဖတ်ထားဖူးသလဲ ။ ဖြေပါ ။ ဥပမာ = ခေတ်ဟောင်းရာဇ၀င်ထဲက
(၁) ဦးကုလားရာဇ၀င်ကြီး (၂ ) ရာဇဓမ္မ သင်္ဂံဟကျမ်း (၃) ရာဇဓိရာဇ်အရေးတော်ပုံကျမ်း
(၄)သတင်းစာဆရာကြီးဦးသိမ်းမောင်ရေးတဲ့မြန်မာ့သူရဲကောင်းများစာအုပ် တွေကို ဖတ်ဘူးသလားလို့တော့မမေးတော့ဘူး။ကြားဘူးသလားလို့ သူကိုမေးကြည့်လိုက်ပါ ။
ခေတ်သစ်ရာဇ၀င်ထဲက ကျမ်းစာအုပ်ကြီးတွေကိုဖတ်ဘို့ကိုမပြောနဲ့ ကိုင်ကြည့်ဖူးသလားလို့
မေးကြည့်လိုက်ပါ။ မတန်မရာ အနူလက်နဲ့ရွှေခွက်ကိုင်သလိုဖြစ်နေပြီ မီဒီယာများတန်ဖိုးရှိတဲ့
အမည်နာမကို တန်ဖိုးမဲ့အောင် လက်လွတ်စလွယ်မလုပ်ကြပါနဲ့ အရုပ်ဆိုးလွန်းပါတယ် ။
တချို့ကလဲ အောင်နိုင်ဦးကို ဟားဗတ် တက္ကသိုလ်ဆင်း ပညာရှင်ကြီး ဟု သမုတ်နေကြပြန်တယ် ၊
ဒီမယ် ကျနော်ရှင်းပြမယ် ဟားဗတ်တက္ကသိုလ်က မြန်မာပြည်ဒီမိုကရေစီတော်လှန်သူများကို
လေးစားသောအားဖြင့်ဒီမိုကရေစီဘက်တော်သားများကိုအထူးအစီစဉ်တရပ်အနေဖြင့်ခေါ်ယူပြီး ပညာကို
၈ လသင်ယူစေပြီး မဟာဝိဇ္ဇာဘွဲ့ကို သမရိုးကျမဟုတ်ဘဲ ဒီမိုကရေစီကိုဂုဏ်ပြုပေးခဲ့တာဖြစ်တယ်။
မဟာဝိဇ္ဇာဘွဲ့အစစ်မဟုတ်ပါ။ တကယ်အစစ်မဟာဝိဇ္ဇာဘွဲ့ဆိုရင် အနည်းဆုံး ၂ နှစ်မှ ၃နှစ်အထိသင်ရပြီး စာတမ်းပြုစုတင် ပြီးအောင်မှသာ ဘွဲ့အစစ်ကိုရတာပါ သူတို့တွေဒါမျိုးတခုမှမလုပ်ခဲ့ရပါ ဒီမိုကရေစီတော်လှန်ရေးရဲ့အကျိုးကျေးဇူးကြောင့်အလွယ်တကူသာသာလေးရသွားကြတာသာဖြစ်တယ် ၊
ဇော်ဦး ၊ အောင်သူငြိမ်း ၊၀င်းမင်း တို့လည်းဒီအတိုင်းဘဲရသွားကြတာပါ ။ သူတို့တွေဟာဘာပညာရှင်မှ
မဟုတ်ပါ ။.ယခုသူတို့တွေဟာ ဒီမိုကရေစီကျေးဇူးကြောင့်ကောင်းစားခဲ့ကြတာကိုမေ့နေကြပြီး
မိမိကိုယ်ကျိုးအတွက်ဒီမိုကရေစီအင်အားစုများကိုကျေဇူးကန်းနေကြပြီဖြစ်တယ်
ဟားဗတ်ပညာရှင်ကြီးဟုဆိုသောပုဂ္ဂိုလ်များခင်ဗျား
၁၉၆၃ ခုနှစ် Harvard university press ကထုတ်ဝေတဲ့ Willian C . Johnstone ရေးတဲ့ Burma's Foreign Policy ဆိုတဲ့စာအုပ်ကိုဖတ်ဘူးကြပါသလား လို့သာမေးလိုက်ပါရစေ ။ အရှက်တရားနဲနဲထားကြပါလို့ပြောလိုက်ပါရစေ ။
နိဂုံး
အောင်နိုင်ဦးဆိုသောပုဂ္ဂိုလ်ကို ကျနော်အနေဖြင့် ပုဂ္ဂိုလ်ရေးအရလဲလက်မခံပါ ၊ ရပ်တည်ချက်အရလဲလက်မခံပါ ၊ အကျင့်စာရိတ္တအရလဲလက်မခံပါ ။ယခုလုပ်ရပ်တွေကိုလဲလက်မခံပါ ။
နောက်နောင်ကို ပြည်တွင်းပြည်ပ တကမ္ဘာလုံးလေးစားကြသော ကျုပ်တို့ရဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တခြားခေါင်းဆောင်များကို ဆရာလုပ်ခြင်း ၊ကျိုးကြောင်းခိုင်လု့မှုမရှိဘဲနဲ့ပြစ်
တင်ဝေဖန်မှုများပြုလုပ်လာခဲ့လျှင်ကျုပ်အပါအ၀င်ဒီမိုကရေစီအင်အားစုများမှပြင်းပြင်းထန်ထန်
တုန့်ပြန်သွားမည်ဖြစ်ကြောင်းအသိပေးလိုက်တယ် ။
အောင်နိုင်ဦး
မင်းလိုဘာအဖြစ်မှမရှိတဲ့အကောင်က မတန်မရာလူထုခေါင်းဆောင်ကိုဝေဖန်နိုင်ဖို့ဆိုတာအဝေးကြီးဘဲ မင်းလိုအကောင်လောက်က ငါတယောက်ထဲကို ဘဲ နိုင်အောင်ဖြတ်ကြည့်လိုက်ပါအုံး ။ မယုံဘူလို့ထင်ရင်စမ်းကြည့်လိုက်လေ ။
အမျိုးသားခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့်
ခေါင်းဆောင်ကြီးများကိုအစဉ်ရိုသေလေးစားလျှက် သန်းဝင်း
( ၈၈ မျိုးဆက်ကျောင်းသား )
11 /18 / 2010
ကိုသန်းဝင်း
ReplyDeleteကောင်းတယ်ဗျာ
ခင်ဗျားလိုလူရှိလို့ ဒီကိစ္စတွေလူတွေသိခွင့်ရတာ
ကျေးဇူး
ကျနော်မှာလည်း ရည်ရွယ်ချက်ရှိပါတယ်
ဒီလိုအခွင့်အရေးသမားတွေကို ဖေါ်ထုတ်ဖို့
ဒါပေမယ့် အခြေအနေက အခွင့်မပေးသေးဘူး
ကျနော်က ဒုက္ခသည်စခန်းမှာ မိသားစုတွေနဲ့ ရုန်းနေရတုန်း
တချိန်ချိန်တော့ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်
ဒါကြောင့် ခင်ဗျားခုလိုဖွင့်ချတာကို ကျေးဇူးလို့ပြောတာပါ
ဆက်သွယ်နိုင်ပါတယ်
တချိန်က ခင်ဗျားရဲ့ ရဲဘော်
လူဗိုလ်
နို့ဖိုးဒုက္ခသည်စခန်း
အကို ပြောမှပဲသိတော့တယ်ဒိကောင့်အကြောင်းကို အစကတော့ ဒိုင်ယာလော့ခ်ဆရာကြီးဆိုပြီးအထင်ကြီးနေတာ အခုမှ အလကားမှန်းသိတယ် အခုလိုကိုယ်ကျိုးမဖက်ဖွင့်ချပေးတာကျေးဇူးပါအကိုသန်းဝင်းရေ
ReplyDeletefacebookမှာ ကျနော်ထပ်မံဖော်ပြချင်လို့ကူးသွားပါတယ်
ReplyDelete