ကိုမောင်မောင် ( FTUB ) ခင်ဗျား
RFA သတင်းဋ္ဌာနနှင့် အင်တာဗျူးမှာ ကိုမောင်မောင်ဖြေကြားခဲ့တဲ့အဖြေဟာလုံလောက်တဲ့ အဖြေဟု ကျနော်မထင် ၊မယူဆ ပါသောကြောင့် ဒီစာဖြင့်မေးမြန်းလိုက်ပါတယ် ၊တိကျ ၊ခိုင်မာ လုံလောက်သောအဖြေကို
ပေးပါရန်တောင်းဆိုအပ်ပါသည် ။
ကိုမောင်မောင်ဖြေခဲ့သောအဖြေ
ကိုမောင်မောင်လုပ်ရပ်ကိုကိုဇော်ထွန်းမှထုတ်ပြန်ရှင်းလင်းသည့်အပေါ်တွင် RFA အမေးကိုကိုမောင်မောင်က
အောက်ပါအတိုင်းဖြေကြားခဲ့သည်။
" ဒါဟာအခြေအမြစ်မရှိဘူး ၊ စာအထောက်အထားအရဆိုရင်မှန်သယောင်ယောင်ထင်ရတာပေါ့လေ ၊ဒါပေမဲ့ဒါဟာမမှန်ဘူး ၊မဟုတ်ဘူး ၊ စာထုတ်ပြန်တဲ့ ၂၀၀၈ နေ့ရက်မှာကျနော်ဟာ မဟာဗျူဟာအစည်းအဝေးတခုမှာ
ရောက်နေတယ် ၊ဒီအစည်းအဝေးမှာကျနော်နဲ့အတူလူ ၁၅ ယောက်ရှိတယ်ကျနော်တယောက်တည်းမဟုတ်ပါ " ဟုဖြေကြားခဲ့တယ်သူပြောတဲ့စကားလုံးအတိအကျမှန်ချင်မှမှန်ပါမည် သို့သော်သူ၏ဆိုလိုရင်းအမှန်ဘဲဖြစ်ပါတယ် ။
ကျနော်မေးလိုသောမေးခွန်း
မဟာဗျူဟာအစည်းအဝေးကိုဘယ်နေရာမှာလုပ်ခဲ့တယ်ဆိုတာကိုကိုမောင်မောင်မဖြေခဲ့ပါ။ဒါကြောင့်ကျနော်မေးပါရစေ --
( က ) ကိုမောင်မောင်ပြောတဲ့မဟာဗျူဟာအစည်းအဝေးကိုဘယ်နေရာ ၊ဘယ်ဒေသမှာ လုပ်ခဲ့ပါသလဲ ?
တိတိကျကျဖြေကြားပေးပါ ။မဟာဗျူဟာအစည်းအဝေးမှာကိုမောင်မောင်နဲ့အတူ လူ ၁၅ ယောက်
ရှိနေတယ်လို့ပြောခဲ့တယ် ဒီလိုဆို ကျနော်မေးပါရစေ --
( ခ ) ဒီလူ ၁၅ ယောက်ဟာဘယ်သူတွေလဲ အမည်စာရင်းဖေါ်ပြပေးပါ ?
ဒါတွေကိုအတိအကျဖြေပေးမှသာခိုင်မာတိကျ လုံလောက်တဲ့အဖြေဟုကျနော်ယူဆပါတယ်။ဒါဟာ တော်လှန်ရေးအတွက်အရေးကြီးသလို ၊ကိုမောင်မောင်ရဲ့နိုင်ငံရေးဂုဏ်သိက္ခာအတွက်လည်း
အရေးကြီးတယ်လို့ကျနော်ထင်ပါတယ် ။
နောက်တခုကကိုဇော်ထွန်းထုတ်ပြန်တဲ့ Mileage Statement ကိစ္စမှာခရီးသွားဘူးသူတိုင်းအားလုံးသိပါတယ် ။
Mileage Statement ကိုဘယ်သူမှလိမ်လို့မရပါ ၊ခရီးသွားပြီးမှသာ နောက်မှ
Mileage Statement ကိုပို့ပေးတာဖြစ်ပါတယ် ၊ခရီးသွားဘူးသူတိုင်းဒါကိုအားလုံးသိကြတယ်ဆိုတာကို
ကိုမောင်မောင်နားလည်စေချင်ပါတယ် ။ ဒါကြောင့် ကိုမောင်မောင်အနေဖြင့်တော်လှန်ရေးအကျိုး ၊ NCUB တပ်ပေါင်းစုအကျိုး ၊ကိုမောင်မောင်အကျိုးအတွက် အားလုံးအမြင်ကြည်လင်ရှင်းလင်းအောင် ၊
သံသယများပျောက်ကင်းသွားအောင်တိကျခိုင်မာစွာပြတ်သားစွာဖြေရှင်းပေးပါရန်
ကျနော်တောင်းဆိုအပ်ပါတယ် ။
ကျနော်တို့သည် ဒီပြဿနာကိုအရေးကြီးသောကိစ္စအဖြစ်ထင်မြင်ယူဆပါသည်၊
ဘာကြောင့်လဲဆိုရင်ကိုမောင်မောင်သည် ဘာတာဝန်ကိုမှမယူထားဘဲမိမိပုဂ္ဂိုလ်တဦးချင်း
မိမိဆန္ဒအလျှောက်ဗမာပြည်ကိုပြန်လျှင်ကျနော့်အနေဖြင့်လုံးဝစိတ်ဝင်းစားခြင်းမရှိပါ ၊
ယခုကိုမောင်မောင်သည် NCUB တပ်ပေါင်းစုတွင်တာဝန်ကြီးကြီးမားမားယူထားသူဖြစ်သည့်အလျှောက်
သာမန်လူတဦးမဟုတ်ပါ ၊ထို့ကြောင့်ဒီပြဿနာကိုအရေးကြီးသောကိစ္စဟုကျနော်လေးနက်စွာယူဆပါသည်။
လေးနက်စွာဖြေရှင်းပေးပါဟု ထပ်မံတောင်းဆိုအပ်သည် ။
Friday, March 18, 2011
Sunday, February 20, 2011
Saturday, February 19, 2011
Subscribe to:
Posts (Atom)